အာဆင်နယ်၊ မန်စီးတီးတို့ အချိန်ပို၊ ပယ်နယ်တီအထိ ကစားခဲ့ရပြီး အသင်းကြီးတွေ နောက်တစ်ဆင့်တက်

အာဆင်နယ်၊ မန်စီးတီးတို့ အချိန်ပို၊ ပယ်နယ်တီအထိ ကစားခဲ့ရပြီး အသင်းကြီးတွေ နောက်တစ်ဆင့်တက်   လိဂ်ဖလား အင်္ဂါညပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်တို့ အသင်းကြီးတွေ နောက်တစ်ဆင့် တက်ခဲ့ကြပြီး အာဆင်နယ်က အချိန်ပို၊ မန်စီးတီးက ပယ်နယ်တီအထိ ကစားခဲ့ရပါတယ်။ မန်ယူအသင်းဟာ လူငယ်၊ အရံကစားသမား အများစုနဲ့ ပွဲထွက်လာပေမယ့် ဆွမ်ဆီးကွင်းမှာ (၂)ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မန်ယူအသင်းဟာ ၃-၄-၃ ပုံစံနဲ့ ကစားခဲ့ပြီး တိုက်စစ်မှာ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်၊ ကွင်းလယ်မှာ ဘလင်း၊ မက်တွမ်မီနေ၊ ဟာရဲရား၊ ဒါမီယန်၊ နောက်တန်းမှာ လင်ဒီလော့ဖ်၊ စမောလင်း၊ တွမ်ဇီဘီတို့ ပွဲထွက်လာပါတယ်။ မန်ယူအသင်းအတွက် ဂိုးတွေကို လင်ဂတ်တစ်ဦးတည်းက (၂၁)မိနစ်နဲ့ (၅၉)မိနစ်တွေမှာ သွင်းယူခဲ့ပြီး အနိုင်ရခဲ့တာပါ။  

ဗိုလ်လုပွဲအထိ ရည်မှန်းပြီးပြင်ဆင်ထားဟု မြန်မာယူ-၁၉ နည်းပြ ဦးချစ်နိုင် ဖွင့်ဟ

မြန်မာယူ – ၁၉နည်းပြ ဦးချစ်နိုင်။ ဓာတ်ပုံ – ဘောလုံးအဖွဲ့ချုပ် မြန်မာယူ-၁၉ အသင်း ယှဉ်ပြိုင်မည့်ပွဲစဉ်များကို ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်မည် ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၉ခြေစစ်ပွဲ အုပ်စု (ဆ)ပွဲကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်က ဖနောင်ပင် ဟိုတယ်၌ကျင်းပခဲ့ရာ မြန်မာယူ-၁၉ နည်းပြ ဦးချစ်နိုင်က နောက်ဆုံးဗိုလ်လုပွဲအထိ ရည်မှန်း ပြင်ဆင်ထားသည်ဟု ပွဲကြိုစကားပြောဆိုခဲ့သည်။ ရည်ရွယ်ထား မြန်မာယူ–၁၉အသင်းသည် အုပ်စု (ဆ)၌ အိမ်ရှင် ကမေ္ဘာဒီးယား၊ တရုတ်၊ ဖိလစ်ပိုင် အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိပြီး အုပ်စုပထမ ၁ဝ သင်းနှင့် အကောင်းဆုံးဒုတိယ ငါးသင်းတို့ ခြေစစ်ပွဲအောင်မည်ဖြစ်၍ အုပ်စု ပထမနေရာအတွက် တရုတ်အသင်းနှင့်အဓိက ထားယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ ”အာရှခြေစစ် ပွဲအတွက် တစ်လခွဲကျော် ပြင်ဆင်လေ့ကျင့်ခဲ့ ပါတယ်။

ယခုရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လာဖို့ မမျှော်လင့်ထားသေးပါဘူးဆိုတဲ့ အန်ဒါ ပါရဲရား

================================================== “ကျွန်တော် ဗလင်စီယာ နဲ့ စာချုပ် ကတည်းက ပြန်လည်ခေါ်ယူခွင့် ပါဝင်တယ်ဆိုတာ သိထားပြီးပါပီ ။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျွန်တော် ခေါင်းအေးအေးထားပြီး ဗလင်စီယာအတွက်ပဲ အာရုံစိုက်ချင် ပါတယ်” “မန်ချက်စတာကနေ ဘယ်သူမှ ကျွန်တော့ဆီ ဖုန်းမခေါ်ကြပါဘူး ။ တကယ်လို့ သူတို့သာ ကျွန်တော့ကို အမှန် တကယ်လိုချင်တယ်ဆိုရင် သူတို့ ဆက်သွယ်ကြမှာပါ ။ ကျွန်တော် က တော့ ဗလင်စီယာ နဲ့ အတူ ဒီရာသီ ကုန်ဆုံးတဲ့ အထိ ဖြတ်သန်းချင်ပါတယ်”

လီဗာပူးသတင်းတိုများ

  ဖိလစ်ပီကော်တင်ညိုက “အခုဖြစ်နေတာဟာခံစစ်ပိုင်းတစ်ခုတည်းနဲ့မသက်ဆိုင်ပါဘူး။ တစ်သင်းလုံးတာဝန်ယူသွားရမယ့်ကိစ္စပါ။ ကျွန်တော်တို့နိုင်ပွဲတွေပြန်လည်ရရှိဖို့အတွက်ဒီလိုအရာတွေမှာလျှင်မြန်စွာတိုးတက်လာရပါမယ်။” လို့ပြောသွားပါတယ်။ လီဗာပူးဂန္တ၀င်ကစားသမားကြီးဂျွန်အဲ၇စ်ခ်ျကပြီးခဲ့တဲ့စပါးနဲ့ပွဲစဉ်မှာလီဗာပူးခံစစ်ပိုင်းနဲ့လိုဗန်တို့ဟာကျောင်းဘောလုံးအသင်းထက်တောင်ဆိုးရွားတယ်လို့ပြောလိုက်ပြီး လက်ရှိအချိန်ဟာလိုဗန်ရဲ့နေရာကိုဂျိုးဂိုးမက်ဇ်နဲ့အစားထိုးရမယ့်အချိန်လို့ပြောလိုက်ပါတယ်။ စပါးနဲ့ပက်သက်ပြီးမာတစ်က “ကျွန်တော်တို့သူတို့ကိုအခွင့်အရေးတွေပေးခဲ့မိပါတယ်။ သူတို့အကောင်းဆုံးကစားသွားလို့မဟုတ်ဘဲကျွန်တော်တို့အမှားများခဲ့လို့ပါ။ ကျွန်တော်ဒါတွေကိုပြန်လည်ပြင်ဆင်ကာရပ်တန့်သွားရမှာပါ။ စပါးဟာပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ပြန်လာနိုင်ဖို့အခွင့်အရေးရခဲ့ပေမယ့်သူတို့ကိုအနိုင်ရဖို့အတွက်မလုံလောက်ခဲ့ပါဘူး။ ကျွန်တော်တို့ပြန်လာနိုင်အောင်ကြိုးစားသွားပါမယ်။” လို့ပြောခဲ့ပါတယ်။ လီဗာပူးယူ၂၃အသင်းဟာမနေ့ညကမန်ချက်စတာယူနိုက်တက်ယူ၂၃အသင်းကို အီဂျာရီယာ ဂရူဂျစ် ဟယ်ရီဝယ်ဆင်တို့ရဲ့ဂိုးတွေနဲ့အတူ၃ဂိုး၁ဂိုးနဲ့အနိုင်ရရှိခဲ့ကာဒီ၇ာသီ Premier League 2 မှာ၇ပွဲမြောက်နိုင်ပွဲကို၇ယူသွားခဲ့ပါတယ်။ ၀က်စ်ဟမ်းနောက်ခံလူဟောင်းအပ်ဆန်က “ကျွန်တော်နှစ်သက်တဲ့ကလိုင်နီကရာသီတစ်ခုရဲ့အချိန်တော်တော်များများမှာနားနေရတာကြောင့်ညာနောက်ခံလူနေရာမှာခိုင်မာမှုမရှိပါဘူး။ ဘယ်နောက်ခံနေရာကမိုရီနိုဆိုရင်လည်းတိုက်စစ်ကိုလိုက်ပါလွန်းပြီးခံစစ်ပိုင်းမှာအားနည်းချက်တွေနဲ့ပါ။ ဗဟိုနောက်ခံလူနေရာကတော့မျှော်လင့်ထားသလိုကျစ်လှစ်မှုမရှိဘဲ ဂိုးသမားကတော့သူရဲ့ရှေ့မှာကစားနေတဲ့ခံစစ်ကစားသမားတွေအတွက်လုံးဝကိုစိတ်ချလို့မရတဲ့အနေအထားပါ။” လို့ပြောသွားပါတယ်။ လီဗာပူးယူ၂၃ကြယ်ပွင့်ဟယ်ရီဝယ်ဆင်ကမနေ့ညကမန်ယူယူ၂၃အသင်းကို၃ဂိုး၁ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာအခွင့်အရေးတွေလွဲချော်ခဲ့တဲ့တိုက်စစ်မှုးဒန်နီအင့်အနေနဲ့မကြာမီဂိုးသွင်းခြေစွမ်းပြန်လည်ရရှိတော့မှာဖြစ်ပြီး အင့်လိုဝါရင့်ကစားသမားထံမှလည်းလေ့လာသင်ယူသွားမယ်လို့ပြောသွားပါတယ်။ ဂျိုရယ်မာတစ်ကလီဗာပူးအသင်းအနေနဲ့ဒီရာသီပရီးမီးယားလိဂ်မှာထိပ်ဆုံးလေးသင်းဝင်ရောက်ချင်တယ်ဆိုရင်ခံစစ်ပိုင်းအနေနဲ့သိသာထင်ရှားစွာတိုးတက်မှုရှိဖို့လိုအပ်တယ်လို့ဝန်ခံသွားပါတယ်။ ပိုချက်တီနိုရဲ့စပါးအသင်းဟာတောင်ပံတိုက်စစ်အင်အားဖြ့ည့်တင်းသွား၇န်အတွက်လီဗာပူးကစားသမားဟောင်းဖြစ်ပြီးလက်ရှိအေစီမီလန်မှာကစားနေတဲ့ဆူဆိုကိုစာချုပ်ဖျက်သိမ်းကြေးပေါင်၄၄သန်းနဲ့ခေါ်ယူရန်စီစဉ်နေပါတယ်။ လီဗာပူးကွင်းလယ်လူဟောင်းဟာမန်းကအန်ဖီးကလပ်အနေနဲ့အန်မရီချန်ကိုစာချုပ်သစ်ချုပ်ဆိုရန်အဆင်မပြေခဲ့ပါက လက်ရှိရှော်ကေးအသင်းမှာအကောင်းဆုံးခြေစွမ်းပြသနေတဲ့ဂျာမန်စတားလီယွန်ဂေါ်ရက်စကာကိုအရခေါ်ယူသွားသင့်တယ်လို့တိုက်တွန်းလိုက်ပါတယ်။   Source : Sports Myanmar

အောင်လအန်ဆိုင်းရဲ့ ကမ္ဘာ့ချန်ပီယံ ဘ၀ခရီး

  MMA ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆိုင်းဟာ မြစ်ကြီးနား ဇာတိဖွားဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ သူ့ရဲ့ညီအစ်ကို မောင်နှမတွေ အင်တာနေရှင်နယ်ကျောင်းမှာ တက်ရောက်နိုင်ဖို့အတွက် ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ အောင်လဟာ ငယ်စဉ်ကတည်းက အားကစားဘက်မှာ ၀ါသနာကြီးခဲ့သလို၊ ပြိုင်ပွဲမျိုးစုံမှာလဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူပါ။ အဲဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သူက ” ကျနော်ငယ်ငယ်က ဘောလုံး၊ ဘောလီဘော၊ ဘတ်စကက်ဘောတို့ဆိုရင် ကစားတိုင်းကို ရှုံးခဲ့တာပါ။ ပြောရရင် ကျနော် ကစားတိုင်း အရှုံးချည်းပဲ ဆိုပါတော့ဗျာ။ ခဏခဏဆိုတော့လဲ တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ အခုချိန် ပြန်တွေးကြည့်တော့ အဲဒီတုန်းက ရှုံးခဲ့ရတဲ့ အကြောင်းအရာတွေက နည်းပြတွေကြောင့်ပဲလို့ ထင်ပါတယ်။ ကျနော်တို့ဆီက နည်းပြတွေက ဘယ်ဟာက ကိုယ့်ရဲ့ အားသာတဲ့အချက်တွေလဲ၊ အခြေအနေတွေက ဘယ်လိုလဲဆိုတာ သုံးသပ်မှု အားနည်းလွန်းကြပါတယ်။ ပြောရရင် မြန်မာပြည်က

၂၀၁၇ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို စီရော်နယ်လ်ဒိုရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ဇီဒန်းရရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)မှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု The Best FIFA Football Awards ချီးမြှင့်ပွဲအခမ်းအနားကို တနင်္လာနေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပခဲ့ရာ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ကမ္ဘာ့အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။ ဖီဖာသည် ယခင်ကတစ်နှစ်တာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရွေးချယ်ချီးမြှင့်နေရာမှ ၂၀၁၀ ခုနှစ်တွင် ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့်ပူးပေါင်းကာ FIFA Ballon d’Or ဟူသည့်အမည်ဖြင့်ပြောင်းလဲ ချီးမြှင့်ခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ်တွင် ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် လမ်းခွဲလိုက်ပြီးနောက် The Best ဟူသည့် ယခုဆုကို စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ၂၀၁၆ ခုနှစ်အတွက် The Best ဆုကိုလည်း ရယူနိုင်ခဲ့သည့်အတွက် (၂)နှစ်ဆက်တိုက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါချန်ပီယံဆုများ ရယူနိုင်ခဲ့သည့်အတွက်

ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းယူထားတဲ့ အာရှသား

ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းယူထားခဲ့တဲ့ အာရှတိုက်က ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ် ။ ဆွန်ဟောင်မင်း (19ဂိုး) ပတ်ဂျီဆန် (19ဂိုး) ကီဆောင်ယောင်း (13ဂိုး) ရှင်ဂျီ အိုကာဇာကီ (12ဂိုး) လီချွန်ယောင်း (8ဂိုး) တို့ပဲ ဖြစ်ကြပါတယ် ။ ယမန်နေ့က တော့တင်ဟမ်အတွက် တစ်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဆွန်ဟောင်မင်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းယူထားတဲ့ အာရှတိုက်သားအဖြစ် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း ပတ်ဂျီဆန်နဲ့အတူ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ် ။ Source : Sports Myanmar

အီဗရာဟီမိုဗစ်က နောက်ထပ် 5 နှစ်လောက်ထိ ကစားပေးဦးမှာပါ 

” မိုဗစ်က ဆင်ချေပေးတတ်တဲ့သူ မဟုတ်ပါဘူး။ လက်ရှိ ဒဏ်ရာကြောင့် နားနေရပေမယ့် စိတ်ပျက်ခြင်း မရှိသလို၊ အရင်ကထက်ပိုပြီး ကြံ့ခိုင်မှုအပြည့်နဲ့ ကစားပေးနိုင်ဖို့ ကြိုးစားနေတာပါ။ သူ ဒဏ်ရာရသွားတော့ ကျနော်ဖြင့် စိတ်မကောင်း ဖြစ်မိနေပေမယ့် သူကတော့ကတော့ ဘာတစ်ခွန်းမှကို မပြောခဲ့တာပါ။ သူ့ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်ကတောင် မိုဗစ်ကို လူမျိုး မတွေ့ဘူးဖူးလို့ ပြောတဲ့အထိပါပဲ။ ဒါကြောင့်မို့ သူဟာ နောက်ထပ် 5 နှစ်လောက်အထိ ကစားပေးနိုင်ပါတယ်။ ကျနော်ကလဲ သူ့ကို ကစားသမားဘဝက အနားယူခိုင်းမှာ မဟုတ်ပါဘူး။ ကျနော်ဆိုရင် သူ့အတွက် အလုပ်လုပ်ပေးနေခဲ့တာ နှစ်ချီပါပြီ။ ဒီတစ်ခါတော့ သူအလှည့်ပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်ကလေးတွေက ကြီးပြီမို့ ပိုက်ဆံလိုလာပြီလေ။ သူကလဲ နောက်ထပ် 5 နှစ်လောက်အထိ ကစားပေးဖို့ သဘောတူထားပါတယ်”

လီ​ဗာပူးဟာအဆင့်​ကိုးနဲ့ထိုက်​တန်​တယ်​လို့​ပြောလိုက်​တဲ့က​လော့

လီ​ဗာပူးဟာအဆင့်​ကိုးနဲ့ထိုက်​တန်​တယ်​လို့​ပြောလိုက်​တဲ့က​လော့ မ​နေ့ညကစပားကို၎ဂိုး၁ဂိုးနဲ့ရှုံးခဲ့ပြီး​နောက်​ယာဂန်​က​လော့က “ကျွန်​​တော်​ထိပ်​ဆုံး​လေးသင်းဝင်​ဖို့အ​​ကြောင်းကို​ပြောစရာအ​ကြောင်းမရှိ​သေးပါဘူး။ ကျွန်​​တော်​တို့ဟာအခုကိုယ်​နဲ့ထိုက်​တန်​တဲ့​နေရာကို​ရောက်​​နေတာပါ။ ​တော့တင်​ဟမ်​အ​နေနဲ့ကျွန်​​တော်​တို့ကို​ကျော်​ဖြတ်​နိုင်​ဖို့ဆိုရင်​အရမ်းကို​ကောင်းမွန်​ဖို့လိုအပ်​တယ်​ဆိုရင်​လည်းကျွန်​​တော်​က​တော့အငြင်းပွား​နေမှာမဟုတ်​ပါဘူး။ ဒါ​ပေမယ့်​အမှား​တွေကျူးလွန်​မိခဲ့ပြီဆိုရင်​ဒါ​တွေနဲ့ပက်​သက်​ပြီးအလုပ်​လုပ်​သွားရမှာပါ။ ​တော့တင်​ဟမ်​အတွက်​​တော့အရမ်းကိုလွယ်​ကူသွားခဲ့ပါတယ်​။ ​တော်​​တော့ကိုလွယ်​ကူသွားတာပါ။ အသင်းနဲ့ပက်​သက်​ပြီးအ​ကောင်းမြင်​တဲ့စကားလုံး​တွေကျွန်​​တော်​မ​ပြောချင်​ပါဘူး။ ကျွန်​​တော်​တို့ဟာအမှား​တွေလုပ်​ခဲ့တာ​ကြောင့်​ဒီအချိန်​မှာဘာပဲ​ပြော​ပြောအ​ကောင်းမြင်​ခံရမှာမဟုတ်​ပါဘူး။” လို့​ပြောသွားပါတယ်။

လူစားလဲချိန်​မှာလူးဝစ်​ဆွာရက်​ဇ်​ရဲ့အပြုအမူနဲ့ပက်​သက်​ပြီးဘာပြသနာမှမရှိဘူးလို့​ပြောလိုက်​တဲ့ဘာကာနည်းပြ​ဗယ်​​ဗာဒီ

ဘာစီလိုနာနည်းပြအာနက်​စ်​တို​ဗယ်​​ဗာဒီကမ​နေ့ညကမာလာဂါကို၂ဂိုးပြတ်​နဲ့နိုင်​ခဲ့တဲ့ပွဲမှာလူစားလဲလိုက်​ချိန်​မှာမ​ကျေနပ်​တဲ့အမူအရာကိုပြသခဲ့တဲ့လူးဝစ်​ဆွာရက်​ဇ်​ရဲ့အပြုအမူနဲ့ပက်​သက်​ပြီးဘာပြသနာမှမရှိဘူးလို့​ပြောလိုက်​ပါတယ်​။ ဆွာရက်​ဇ်​ဟာပြီးခဲ့တဲ့ငါးပွဲမှာတစ်​ဂိုးပဲသွင်းနိုင်​ခဲ့ပြီးပုံစံ​ကောင်း​ပျောက်​​နေတဲ့အပြင်​မ​နေ့ညကပွဲမှာလည်းအပိုင်​အခွင့်​အ​ရေးကိုအသုံးချနိုင်​ခဲ့ခြင်းမရှိခဲ့ဘဲ ၈၃မိနစ်​မှာလူစားလဲချိန်​မှာ​တော့စိတ်​ပျက်​လက်​ပျက်​အမူအရာအပြင်​​ဗယ်​​ဗာဒီကိုလည်းလင်​ဆွဲနှုတ်​ဆက်​ခဲ့ခြင်းမရှိခဲ့ပါဘူး။ ​ဗယ်​​ဗာဒီက “ဆွာရက်ဇ်​ဟာရည်​မှန်းချက်​ကြီးမားသူဖြစ်​ပြီးလူစားလဲခံရတာကိုကြိုက်​နှစ်​သက်​တဲ့ကစားသမားမဟုတ်​ပါဘူး။ ကစားသမားတိုင်းဟာပွဲတိုင်းပွဲတိုင်းအငြင်းပွားဖွယ်​မရှိတဲ့ပွဲထွက်​ကစားသမားပဲဖြစ်​ချင်​ကြတာပါ။ လူစားလဲလိုက်​ချိန်​မှာသူ့ရဲ့အပြုအမူနဲ့ပက်​သက်​ပြီးဘာပြသနာမှကျွန်​​တော်​မမြင်​ပါဘူး။ ဒီပွဲစဉ်​ဟာပြီးခဲ့တဲ့​ခြောက်​ရက်​အတွင်းသူကစားခဲ့ရတဲ့သုံးပွဲ​မြောက်​ပွဲစဉ်​ပါ။ သူဟာအခွင့်​အ​ရေး​တွေရခဲ့ပါတယ်​။ ဒါဟာတိုက်​စစ်​မှုးတစ်​ဦးအတွက်​အဓိကအရာဖြစ်​ပါတယ်​။” လို့​ပြောသွားပါတယ်။   source : SPORTS MYANMAR