ပေါ့ဘာဘယ်အချိန်မှာပြန်ကစားနိုင်မလဲဆိုတာကျွန်တော်လည်းမသိပါဘူး – မော်ရင်ညို

ဟိုဆေးမော်ရင်ညိုကလက်ရှိမှာဒဏ်ရာရရှိနေတဲ့ကွင်းလယ်လူပေါလ်ပေါ့ဘာဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာကိုသူ့ကိုမေးရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ပေါ့ဘာဟာပြီးခဲ့တဲ့လကဘေဆယ်နဲ့ချန်ပီယံလိဂ်ပွဲမှာရရှိခဲ့တဲ့ဒူးကောက်ကြောဒဏ်ရာကြောင့်ယူနိုက်တက်ရဲ့နောက်ဆုံး၇ပွဲကိုလွဲချော်ထားခဲ့ကာပြင်သစ်လက်ရွေးစင်ကတော့သူပြန်လည်သက်သာလာနေပြီဆိုတဲ့အကြောင်းကိုလူမှုကွန်ယက်မှတဆင့်ပရိတ်သတ်တွေကိုအသိပေးခဲ့ပါတယ်။ ပေါ့ဘာဘယ်အချိန်မှာပြန်ကစားနိုင်မလဲဆိုတာနဲ့ပက်သက်ပြီးမော်ရင်ညိုက “ကျွန်တော်ဘာမှမသိပါဘူး။ ‘သူတော့တင်ဟမ်နဲ့ပွဲစဉ်လောက်မှာပြန်ကစားနိုင်မလား’ လို့ခင်ဗျားတို့ကျွန်တော့်ကိုမေးခဲ့၇င်လည်းကျွန်တော်မသိဘူးလို့ပဲပြောမှာပါ။ သူပြန်မကစားနိုင်သေးဘူးလို့ကျွန်တော်ကပြောပြီးသူကစားခဲ့ရင်ကျွန်တော်ကလိမ်တယ်လို့ခင်ဗျားတို့ကျွန်တော့်ကိုပြောကြပါလိမ့်မယ်။ ဒါပေမယ့်ကျွန်တော်တကယ်ကိုမသိတာပါ။ အဲရစ်ဘယ်လီကတော့နောက်တစ်ပတ်လောက်ပြန်ကစားနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်။ ဖယ်လိုင်နီ ပေါဘာတို့နဲ့ပက်သက်ပြီးကျွန်တော်ဘာမှမသိလို့မပြောတက်ပါဘူး။” လို့ပြောသွားပါတယ်။

မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ၀က်စ်ဟမ်း နှင့် ဘရိုက်တန် (၂၁-၁၀-၂၀၁၇ နံနက် ၁း၃၀ နာရီ) ၀က်စ်ဟမ်းက ဘန်လေကွင်းမှာ ဦးဆောင်ဂိုးရပြီးမှ တစ်ယောက်အထုတ်ခံရပြီး သရေကျခဲ့တယ်။ ဘရိုက်တန်ကတော့ အိမ်ကွင်းရလဒ်တော်တော်လေး အားရစရာကောင်းသလောက် အဝေးကွင်းဆိုရင် အဆိပ်မရှိပါဘူး။ ၀က်စ်ဟမ်း (၃)မှတ်ယူမယ့်ပွဲပါ။ ■ ရှော်လ်ကေး နှင့် မိန့်ဇ် (၂၁-၁၀-၂၀၁၇ နံနက် ၁း၀၀ နာရီ) ရှော်လ်ကေးအသင်း ပွဲကျပ်ကာလတစ်ခုကို ဖြတ်သန်းနေရလို့ ရလဒ်ပိုင်း ယိုင်သွားတာပါ။ အိမ်ကွင်းနောက်ဆုံး(၁၁)ပွဲမှာ ဘိုင်ယန်တစ်သင်းကိုပဲ ရှော်လ်ကေး အရေးနိမ့်ခဲ့တာ တွေ့ရတယ်။ မိန့်ဇ်ကတော့ လတ်တလောရလဒ်တွေ ပြန်ကောင်းလာတယ်။ ဒါပေမဲ့ မိန့်ဇ်ရဲ့အဝေးကွင်းစွမ်းဆောင်ရည် အတော်လေး ညံ့ပါတယ်။ ရှော်လ်ကေးပဲ နိုင်ဖို့များတယ်။ ■ စိန့်အက်တီယန်နှင့် မောင့်ပယ်လီယာ (၂၁-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ) PSG

မြန်မာ ယူ-၁၉ အသင်း ဂမ်ဘာအိုဆာကာကို နှစ်ဂိုးပြတ်ရှုံး ဟာနန်တကကသိုလ်အသင်းနှင့် ယနေ့ ခြေစမ်းဦးမည်

၂၀၁၈ အာရှခြေစစ်ပွဲ -ဝင်ရောက်ယှဉ် ပြိုင်ရန် ဂျပန်နိုင်ငံ၌ လေ့ကျင့်မှုများပြုလုပ်နေ ေသာ မြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် ဂမ်ဘာအိုဆာကာနှင့် ကစားခဲ့ရာ နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။ မြန်မာယူ-၁၉ အသင်းသည် ဟာနန်တက္ကသိုလ်အသင်းနှင့် ပွဲစဉ်မှ ပွဲထွက် လူစာရင်းကို အနည်းငယ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်ခဲ့ရာ ပထမပိုင်း၌ ဂိုးမရှိသရေကစားနိုင်ခဲ့သည်။ မြန်မာအသင်း သည် ဒုတိယပိုင်း၌ လူစားလဲမှုများစွာပြုလုပ်ခဲ့ပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၁၉ အသင်းနည်းပြချုပ် ဦးချစ် နိုင်က “ပထမပိုင်းမှာ ဂိုးမရှိသရေကစားနိုင်ခဲ့ သလို ဂိုးသွင်းခွင့်တွေအများကြီးရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားသမားအစုံအလင်ကို ကစားခွင့်ပေးချင်တာကြောင့် လူစားလဲမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒီပွဲစဉ်ရဲ့ခြေစွမ်းကို ပထမပွဲကထက် ပိုပြီးကျေနပ်မိပါတယ်။ ဒါကလည်း ပေးဂိုးနည်းလို့ ကျေနပ်တာ မျိုးမဟုတ်ပါဘူး” ဟု ပြောဆိုခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည်

ကျွန်​​တော်​ကံအနည်းငယ်​​ကောင်းခဲ့ပါတယ်​ – ဂီ​ရော့

မ​နေ့ညကရက်​စတားဘဲဂရိတ်​ကို၁ဂိုးဂိုးမရှိနဲ့နိုင်​ခဲ့တဲ့ပွဲမှာ၈၅မိနစ်​မှာလှပတဲ့​နောက်​ပြန်​ကန်​ချက်​နဲ့အနိုင်​ဂိုးသွင်းယူ​ပေးခဲ့တဲ့အာဆင်​နယ်​တိုက်​စစ်​မှုးအိုလီ​ဗာဂီ​ရော့ကအဆိုပါဂိုးအတွက်​သူ့အ​နေနဲ့အနည်းငယ်​ကံ​ကောင်းခဲ့တယ်​လို့​ပြောသွားပါတယ်​။   ဂီ​ရော့က “အဲဒီအ​ခြေအ​နေမှာကျွန်​​တော့်​အ​နေနဲ့​ဘောလုံးကိုထိန်းပြီးအခြားအသင်း​ဖော်​နဲ့တွဲဖက်​ကစားဖို့ကြိုးစားနိုင်​ပါတယ်​။ ဒါ​ပေမယ့်​​ဘေးမှာဘယ်​သူမှမ​တွေ့တာ​ကြောင့်​တက်​နိုင်​သမျှဂိုးကန်​သွင်းဖို့ကြိုးစားခဲ့ပါတယ်​။ ပြီးခဲ့တဲ့ဇန်​နဝါရီကပဲ​လေ့စ်​နဲ့ပွဲမှာဂိုးသွင်းခဲ့သလိုပါပဲ။ ကျွန်​​တော်​ကံ​ကောင်းခဲ့ပါတယ်​။ ဘာလို့လဲဆို​တော့ဂိုး​ထောင့်​ထဲကိုတန်းတန်းမတ်​မတ်ဝင်​သွားလို့ပါ။ အသင်းအတွက်​က​​တော့အရမ်း​ကောင်းပါတယ်​။ အသင်းအတွက်​လည်း​ပျော်​ရွှင်​မိပါတယ်​။ ဘာလို့လဲဆို​တော့​နောက်​ဆုံးအချိန်​ထိယုံကြည်​စွာနဲ့တိုက်​ပွဲဝင်​ခဲ့ရတဲ့အသင်းသား​တွေရဲ့ယုံကြည်​မှု​ကြောင့်​ပါ။ ဒီပွဲစဉ်​ဟာခက်​ခဲမယ်​ဆိုတာကျွန်​​တော်​တို့သိပါတယ်​။ စိတ်​ရှည်​ဖို့နဲ့အရည်​အ​သွေးရှိရှိကစားဖို့ပဲလိုပါတယ်​။ သူတို့အသင်းပရိတ်​သတ်​​တွေရဲ့အပြင်းအထန်​အား​ပေးမှု​ကြောင့်​လည်းပွဲဟာခက်​ခဲခဲ့ပါတယ်​။ အနိုင်​သုံးမှတ်​နဲ့အိမ်​ပြန်​နိုင်​ခဲ့လို့ဝမ်း​မြောက်မိပါတယ်​။” လို့​ပြောသွားပါတယ်။

ဒေးဗစ် ဘက်ခမ်း ကို ငယ် စဉ် က အားကျခဲ့ဖူးတယ်လို့ အာဆင်နယ် နောက်ခံလူ ချမ်းဘားစ် ပြောဆိ

    “ကျွန်တော် ငယ်ငယ်တုန်းက ဒေးဗစ်ဘက်ခမ်း ကို အားကျခဲ့ပြီး သူကစားသလို ကစားနိုင်ဖို့ စိတ်ကူးယဉ်ခဲ့ဖူး ပါတယ် ။ ဘာလို့လည်းဆိုတော့ အဲ့အချိန်တုန်းက ကျွန်တော်ကလည်း ညာတောင်ပံ မှာ ကစားနေတာမို့ပါ ။ ဒါကြောင့် ဘက်ခမ်း ရဲ့ စတိုင် တွေ ၊ ဟန်ပန်တွေ ၊ နည်းစနစ်တွေကို အတုယူလေ့ကျင့်ခဲ့ဖူးပါတယ်”   “နောက်တစ်ယောက်ကတော့ ရိုနယ်လ်ဒင်ဟို ပါ ။ သူက တကယ့်ကို အံ့ဖွယ်ဘောလုံးစွမ်းရည်တွေ ပိုင်ဆိုင် ထားတဲ့သူပါ ။ ကွင်းထဲမှာ သူလုပ်ပြသမျှတွေအားလုံးက အံ့အားသင့်စ၇ာတွေပါပဲ ။ ကျွန်တော် ပန်းခြံထဲမှာ သူ့ရဲ့ ဘောလုံးအလှအပ တွေကို လေ့ကျင့်ခဲ့ဖူးပါတယ် ။ တစ်ခါမှ အောင်မြင်တယ်လို့ မရှိခဲ့ပါဘူး ။

” ခရစ္စတီယာနိုက ရီးရဲမက်ဒရစ် သမိုင်းထဲက အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဆိုတာ သေချာပါတယ်။ ဘာစီလိုနာ စိုးမိုးနေတဲ့ အချိန်မှာ မက်ဆီကို ကျော်ဖြတ်ပြီး ဘလွန်းအော်ဆုတွေ ဆွတ်ခူးနိုင်ခဲ့တယ်၊ ဆုဖလားတွေ အများကြီးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ ဒါဟာ ဧရာမ အောင်မြင်မှုကြီး တစ်ခုပါပဲ”

  ” ခရစ္စတီယာနိုက ရီးရဲမက်ဒရစ် သမိုင်းထဲက အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဆိုတာ သေချာပါတယ်။ ဘာစီလိုနာ စိုးမိုးနေတဲ့ အချိန်မှာ မက်ဆီကို ကျော်ဖြတ်ပြီး ဘလွန်းအော်ဆုတွေ ဆွတ်ခူးနိုင်ခဲ့တယ်၊ ဆုဖလားတွေ အများကြီးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ ဒါဟာ ဧရာမ အောင်မြင်မှုကြီး တစ်ခုပါပဲ” #ဟီရာရို (ရီးရဲနောက်ခံလူဟောင်းရဲ့ Goal နဲ့ အင်တာဗျူးမှ ကောက်နှုတ်ချက်)   Source : Sports Myanmar

ရန်ကုန်ပရိသတ်တွေကို စိတ်လှုပ်ရှားမှုအပြည့်ပေးသွားမယ်လို့ ပြောဆိုလိုက်တဲ့ 

ရန်ကုန်ပရိသတ်တွေကို စိတ်လှုပ်ရှားမှုအပြည့်ပေးသွားမယ်လို့ ပြောဆိုလိုက်တဲ့ #အလန်းနစ်ကလာနီ ကမ္ဘာ့ ဟဲဗီးဝိတ်မွေထိုင်းချန်ပီယံဆု 4 ကြိမ်အထိ ဆွတ်ခူးထားခဲ့တဲ့ နစ်ကလာနီဟာ နိုဝင်ဘာလ 3 ရက်နေ့မှာတော့ မြန်မာ့စပါးကြီးမြွေလို့ နာမည်ကျော်ကြားတဲ့ အောင်လအန်ဆိုင်းနဲ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲမှာ ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာတော့ နစ်ကလာနီက ” ကျနော်က ပရိသတ်တွေကို ဖျော်ဖြေမှုပေးချင်တဲ့သူပါ။ ဒီပွဲမှာလဲ သူတို့မျှော်လင့်ထားတဲ့ ပွဲမျိုးဖြစ်လာအောင် ကြိုးစားသွားမှာပါ။ ကျနော့်ရဲ့ ပင်ကိုယ်စိတ်ရင်းကို ပရိသတ်တွေ ရင်ထဲမှာ စွဲကျန်ခဲ့တဲ့ အခိုက်အတန့်တွေပဲ ဖန်တီးပေးချင်တာလေ။ ဒါကြောင့်မို့ ဒီပွဲမှာလဲ အလဲထိုးနိုင်ခွင့် အခွင့်အရေးမျိုးရခဲ့ရင် အဲဒီအခွင့်အရေးကို အမိအရ ဆိုင်ကိုင်သွားမှာပါ။ ရန်ကုန်က ပရိသတ်တွေက ကျနော့်ကို စောင့်ကြည့်နေကြမှာ သိပါတယ်။ သူတို့ကလဲ အရင်ပွဲတွေနဲ့ မတူတဲ့ ပုံစံတွေ မြင်တွေ့ချင်ကြမှာပဲလေ။ ဒါကြောင့်

ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ မြန်မာစကိတ်အသင်း ဝင်ပြိုင်မည်

မြန်မာနိုင်ငံ စကိတ်ဝါသနာရှင်များအသင်းက စကိတ်ကစားသမားများသည် အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ အပါအဝင် နိုင်ငံတကာပြိုင်ပွဲနှစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်။ ကမ္ဘာ့အဆင့်သတ်မှတ်မည့် နိုင်ငံတကာစတားလွန်း စကိတ်ဖိတ်ခေါ်ပြိုင်ပွဲကို လာမည့်အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စတားလွန်းကမ္ဘာ့အဖွဲ့ချုပ်က နေရေးစားရေးစရိတ်နှင့် လေယာဉ်လက်မှတ်များကို ထောက်ပံ့ပေးပြီး ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ”ကျွန်တော်တို့ ကစားသမားတွေ နိုင်ငံတကာပြိုင်ပွဲနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိတယ်။ တစ်ခုက တရုတ်နိုင်ငံမှာကျင်းပမယ့် စတားလွန်းစကိတ်နှင့် စကိတ်မာရသွန်ပြိုင်ပွဲ။ ဒီပြိုင်ပွဲအတွက်ကမ္ဘာ့အဖွဲ့ချုပ်က ဖိတ်ခေါ်ခဲ့တာဖြစ်တယ်။ ကမ္ဘာအဆင့်သတ်မှတ်တဲ့ ပြိုင်ပွဲလည်းဖြစ်တယ်။ နောက်တစ်ခုကတော့ ကိုယ်စားရိတ်နဲ့ ကိုယ်သွားပြိုင်ရမှာ။ မလေးရှားမှာလုပ်မယ့် စကိတ်ပြိုင်ပွဲပါ”ဟု စကိတ်ဝါသနာရှင်များအသင်းဥက္ကဌဦးလွင်လတ်က မြန်မာတိုင်း(မ်) ကို ပြောသည်။ စတားလွန်းပြိုင်ပွဲ အမျိုးအစားနှစ်မျိုးနှင့် စကိတ်မာရသွန်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်စကိတ်ကစားသမားနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ နောက်ထပ်ပြိုင်ပွဲတစ်ခုမှာ နိုဝင်ဘာ ၁၁

အသင်းကြီးတွေရဲ့ အနိုင်ရလဒ်က မပြတ်သားနိုင်သေးဘူး

လီဗာပူးကွင်းလယ်လူ အမ်မရီကမ်(လယ်) မန်ယူအသင်းဘက်သို့ ဂိုးသွင်းရန်ကြိုးပမ်းနေစဉ်။ ဓာတ်ပုံ – အီးပီအေ ခြေမကွာကြတဲ့ အလယ်အလတ် အသင်းတွေဖြစ်ပါတယ်။ ဂိုးတစ်ဂိုးရဖို့ ခက်ခက်ခဲခဲ ကစားကြရတဲ့ အသင်းတွေဖြစ်လို့ အကြိတ်အနယ် ဖြစ်နေပါလိမ့်မယ်။ ဝက်စ်ဟမ်း – ဘရိုက်တန်၊ စနေ၊ နံနက် ၁း၃ဝ။ ခြေမကွာကြတဲ့ အလယ်အလတ် အသင်းတွေဖြစ်ပါတယ်။ ဂိုးတစ်ဂိုးရဖို့ ခက်ခက်ခဲခဲ ကစားကြရတဲ့ အသင်းတွေဖြစ်လို့ အကြိတ်အနယ် ဖြစ်နေပါလိမ့်မယ်။ အခုပွဲမှာ ဝက်စ်ဟမ်း တိုက်စစ်မှူးကာရိုးလ် ပွဲပယ်ခံထားရပြီး ဘရိုက်တန်တိုက်စစ်မှူး ဟီမက်ပြန်ပါလာပါတယ်။ ဘရိုက်တန်ဟာ တန်းတက်အသင်းဖြစ်ပေမဲ့ ကစားအားရှိတဲ့အသင်းဖြစ်လို့ ဝက်စ်ဟမ်းခက်ခက်ခဲခဲ ကစားရမယ့်ပွဲဖြစ်ပါတယ်။ သရေနဲ့ပြီးနိုင်လို့ ဘရိုက်တန်ကို ကြိုက်ပါတယ်။ ချယ်လ်ဆီး – ဝက်ဖို့ဒ်၊ စနေ၊ ညနေ ၆းဝဝ။ ဝက်ဖို့ဒ်ဟာ မန်စီးတီးကို ဂိုးပြတ်ရှုံးပြီးနောက်မှာ သုံးပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားပါတယ်။ တိုက်စစ်ကောင်းပြီး ကွင်းလယ်တောင့်တင်းတဲ့

မန်စီးတီးသတင်းတိုများ

” နာပိုလီက ထိပ်တန်အသင်းကြီးတစ်သင်းဖြစ်သလို သူတို့ကလဲ ကျနော်မျှော်လင့်ထားသလောက်အထိကို ကစားပေးသွားခဲ့တာပါ။ သူတို့မှာ အဝေး၊ အနီး ဖြတ်တင်ဘောတွေ တိတိကျကျ ပြုလုပ်နိုင်တဲ့ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသလို၊ ကျနော့်ရဲ့ နည်းပြဘဝ တစ်လျှောက် ရင်ဆိုင်ခဲ့ဖူးတဲ့ အသင်းတွေထဲက အကောင်းဆုံး အသင်းတစ်သင်းလဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပွဲကို အနိုင်ရတာ ကျေနပ်မိပါတော့ဗျာ ” * မန်စီးတီးရဲ့ 2017/18 ဘောလုံးရာသီ လက်ရှိ စွမ်းဆောင်ရည်။ 12 ပွဲ ကစား၊ 11 ပွဲ နိုင်၊ 1 ပွဲ သရေ၊ 39 ဂိုး သွင်းယူထား * မနေ့ညက ပွဲစဉ်မှာတော့ အကောင်းဆုံးကစားသမားဆုကို ကွင်းလယ်လူ ဒီဘရိုင်းက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ * ဒီရာသီမှာ စီးတီးအတွက်