အသင်းကြီးတွေရဲ့ အနိုင်ရလဒ်က မပြတ်သားနိုင်သေးဘူး

လီဗာပူးကွင်းလယ်လူ အမ်မရီကမ်(လယ်) မန်ယူအသင်းဘက်သို့ ဂိုးသွင်းရန်ကြိုးပမ်းနေစဉ်။ ဓာတ်ပုံ – အီးပီအေ
ခြေမကွာကြတဲ့ အလယ်အလတ် အသင်းတွေဖြစ်ပါတယ်။ ဂိုးတစ်ဂိုးရဖို့ ခက်ခက်ခဲခဲ ကစားကြရတဲ့ အသင်းတွေဖြစ်လို့ အကြိတ်အနယ် ဖြစ်နေပါလိမ့်မယ်။

ဝက်စ်ဟမ်း – ဘရိုက်တန်၊ စနေ၊ နံနက် ၁း၃ဝ။

ခြေမကွာကြတဲ့ အလယ်အလတ် အသင်းတွေဖြစ်ပါတယ်။ ဂိုးတစ်ဂိုးရဖို့ ခက်ခက်ခဲခဲ ကစားကြရတဲ့ အသင်းတွေဖြစ်လို့ အကြိတ်အနယ် ဖြစ်နေပါလိမ့်မယ်။ အခုပွဲမှာ ဝက်စ်ဟမ်း တိုက်စစ်မှူးကာရိုးလ် ပွဲပယ်ခံထားရပြီး ဘရိုက်တန်တိုက်စစ်မှူး ဟီမက်ပြန်ပါလာပါတယ်။ ဘရိုက်တန်ဟာ တန်းတက်အသင်းဖြစ်ပေမဲ့ ကစားအားရှိတဲ့အသင်းဖြစ်လို့ ဝက်စ်ဟမ်းခက်ခက်ခဲခဲ ကစားရမယ့်ပွဲဖြစ်ပါတယ်။ သရေနဲ့ပြီးနိုင်လို့ ဘရိုက်တန်ကို ကြိုက်ပါတယ်။

ချယ်လ်ဆီး – ဝက်ဖို့ဒ်၊ စနေ၊ ညနေ ၆းဝဝ။

ဝက်ဖို့ဒ်ဟာ မန်စီးတီးကို ဂိုးပြတ်ရှုံးပြီးနောက်မှာ သုံးပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားပါတယ်။ တိုက်စစ်ကောင်းပြီး ကွင်းလယ်တောင့်တင်းတဲ့ အသင်းဖြစ်လို့ ချယ်လ်ဆီးခက်ခက်ခဲခဲ ကစားရမယ့်ပွဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ နှစ်ပွဲဆက်တိုက်ရှုံးထားလို့ အခုပွဲကို ကစားအားတင်လာမှာ သေချာပေမဲ့ ဝက်ဖို့ဒ်တုံ့ပြန်အားက သတိထားစရာပါ။ ဝက်ဖို့ဒ်ကို လျှော့တွက်လို့မရပါဘူး။ ချယ်လ်ဆီးဂိုးသွင်းနိုင်သလို ဂိုးလည်းပေးရနိုင်ပါတယ်။ ချယ်လ်ဆီးနိုင်မယ်ဆိုရင် ဂိုးမပြတ်နိုင်လို့ ဝက်ဖို့ဒ်ကို ကြိုက်ပါတယ်။

မန်စီးတီး – ဘန်လေ၊ စနေ၊ ည ၈း၃ဝ။

မန်စီးတီးကတော့ ချန်ပီယံခြေစွမ်းကို ပြသနေပါတယ်။ ပရီမီယာလိဂ်နောက်ဆုံး ငါးပွဲမှာ နှစ်ဂိုးသာ အသွင်းခံထားရပြီး ၂၄ ဂိုးသွင်းထားပါတယ်။ ပြီးခဲ့တဲ့အပတ်က စတုတ်ကို အိမ်ကွင်းမှာကစားခဲ့ပြီး အခုလည်းဘန်လေကို အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ မန်စီးတီး အခွင့်ကောင်းပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ စတုတ်ကို ဂိုးသွင်းခဲ့သလိုမျိုး သွင်းနိုင်ပါ့မလား။ ဘန်လေက ခံစစ်ကောင်းကောင်း ကစားတတ်တဲ့အသင်းဖြစ်ပါတယ်။ မန်စီးတီးနိုင်မှာ သေချာပေမဲ့ နှစ်ဂိုးလောက်ပဲ ဂိုးပြတ်ပါလိမ့်မယ်။ ဘန်လေက နေသင့်ပါတယ်။

ဟတ်ဒါးစ်ဖီးလ် – မန်ယူ၊ စနေ၊ ည ၈း၃ဝ။

ဟတ်ဒါးစ်ဖီးလ်က တိုက်စစ်အားနည်းလာပါတယ်။ နောက်ဆုံးငါးပွဲမှာ တစ်ဂိုးပဲသွင်းနိုင်ပါတယ်။ စပါးကို အိမ်ကွင်းမှာ လေးဂိုးပြတ် ရှုံးထားပါတယ်။ အခုလည်း မန်ယူတိုက်စစ်ကို ထိန်းနိုင်မှာမဟုတ်ပါဘူး။ မန်ယူက လီဗာပူး။ ဘင်ဖီကာတို့နဲ့ အဝေးကွင်းကစားခဲ့ရသလို အခုလည်း အဝေးကွင်းဖြစ်နေလို့ ပွဲပန်းနိုင်ပါတယ်။ ဒါကြောင့်ဒီပွဲမှာ မန်ယူ အနိုင်ရနိုင်ပေမဲ့ ဂိုးပြတ်နိုင်ဖို့ မလွယ်ပါဘူး။ နှစ်ဂိုးလောက်ပဲ ပြတ်ပါလိမ့်မယ်။

နယူးကာဆယ် – ခရစ္စတယ်ပဲလေ့စ်၊စနေ၊ ည ၈း၃ဝ။

နယူးကာဆယ်ဟာ နောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲသာ ရှုံးထားပါတယ်။ နောက်ဆုံး နှစ်ပွဲ သရေကျထားပါတယ်။ ပဲလေ့စ်က ပွဲစဉ် (၈) မှာ နိုင်ပွဲ စတွေ့သွားခဲ့ပါတယ်။ နယူးကာဆယ်က အိမ်ကွင်းဆိုတော့ အားသာမှုရှိပါတယ်။ ဒါပေမဲ့ ခုနစ်ပွဲဆက်တိုက်ရှုံးခဲ့တဲ့ ပဲလေ့စ် နိုင်ပွဲတွေ့ခဲ့တဲ့စိတ်ဓာတ်အားက နယူးကာဆယ် အခက်တွေ့စေတဲ့ အချက်ဖြစ်ပါတယ်။ သရေကျနိုင်လို့ ပဲလေ့စ်ကို ကြိက်ပါတယ်။

စတုတ် – ဘုန်းမောက်၊ စနေ၊ ည ၈း၃ဝ။

မန်စီးတီးနဲ့ပွဲမှာ စတုတ်က ခုနစ်ဂိုးအသွင်းခံထားရလို့ စိတ်ပျက်စရာပါ။ ဘုန်းမောက်လည်း အခြေအနေဆိုးနေပါတယ်။ စပါးကို အခက်တွေ့အောင်တော့ ကစားခဲ့တာ တွေ့ရပါတယ်။ စတုတ်ဟာ တိုက်စစ်ကောင်းပေမဲ့ ခံစစ်က အားနည်းလို့ ဘုန်းမောက် ဂိုးသွင်းနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲက ဂိုးများမှာ သေချာပါတယ်။

ဆွမ်ဆီး – လက်စတာ၊ စနေ၊ ည ၈း၃ဝ။

ဆွမ်ဆီးဟာ ပြီးခဲ့တဲ့အပတ်ကလည်း အိမ်ကွင်း၊ အခုလည်း အိမ်ကွင်းကစားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်စတာက ဟတ်ဒါးစ်ဖီးလ်ထက် ပိုကောင်းတဲ့အသင်းဖြစ်လို့ ဆွမ်ဆီး ခက်ခက်ခဲခဲ ကစားရပါလိမ့်မယ်။ လက်စတာတိုက်စစ်ကောင်းလို့ ဂိုးသွင်းနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲဟာ နှစ်ဖက် ဂိုးသွင်းပြီး သရေနဲ့ ပြီးသွားနိုင်ပါတယ်။

ဆောက်သမ်တန် – ဝက်စ်ဘရွန်း၊ စနေ၊ ည ၁၁းဝဝ။

ဆောက်သမ်တန် အခြေအနေဆိုးနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း နယူးကာဆယ်ကို အိမ်ကွင်းမှာ သရေပဲ ကစားနိုင်ခဲ့ပါတယ်။ ဝက်စ်ဘရွန်းကလည်း နှစ်ပွဲဆက်တိုက် အဝေးကွင်း ကစားထားရလို့ ပွဲပန်းမယ်ထင်ပါတယ်။ ဆောက်သမ်တန် ဒီပွဲကို မဖြစ်မနေ အနိုင်ရအောင် ကစားလာနိုင်တာကြောင့် ဆောက်သမ်တန်ကို ကြိုက်ပါတယ်။

အဲဗာတန် – အာဆင်နယ်၊ တနင်္ဂနွေ၊ ည ၇းဝဝ။

အဲဗာတန်ကွင်းရောက်ရင် အာဆင်နယ် ခက်ခက်ခဲခဲ ကစားရပါတယ်။ ဒီနှစ်မှာ အာဆင်နယ် အဝေးကွင်းညံ့ပါတယ်။ စတုတ်ရှုံး။ ဝက်ဖို့ဒ်ရှုံး ကစားထားပါတယ်။ အခုလည်းနိုင်ပွဲဆာလောင်နေတဲ့အတွက် အာဆင်နယ် အခက်တွေ့ လာပါဦးမယ်။ အဲဗာတန် အိမ်ကွင်းအားသာချက်လည်း ရှိထားပါတယ်။ ဆန်းချက်ပါလာနိုင်ပေမဲ့ အာဆင်နယ် မလွယ်ပါဘူး။ အဲဗာတန် အနိုင်နဲ့ သရေပါ။

တော့တင်ဟမ် – လီဗာပူး၊ တနင်္ဂနွေ၊ ည ၉း၃ဝ။

ဒီတစ်ပတ်ရဲ  ့ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ ဝင်ဘလေကွင်းမှာ ပြီးခဲ့တဲ့အပတ်က နိုင်ပွဲတွေ့ထားပါတယ်။ နှစ်သင်းလုံး ချန်ပီယံလိဂ် ကစားထားလို့ ပွဲပန်းနေနိုင်ပါတယ်။ စပါးက လီဗာပူးထက် ခံစစ်ပိုငြိမ်ပေမဲ့ တိုက်စစ်အားရှိတဲ့အတွက် စပါးလည်းသတိထားရပါလိမ့်မယ်။ ဟာရီကိန်း အဲရစ်ဆင်တို့ ကောင်းသလို ကော်တင်ဟို၊ ဆာလားစ်တို့လည်းကောင်းလို့ တိုက်စစ်အားပြိုင်ပါလိမ့်မယ်။ ဝင်ဘလေကွင်းဖြစ်လို့ လီဗာပူးကစားရတာ အဆင်ပြေနိုင်ပါတယ်။ လီဗာပူး အနိုင်နဲ့သရေပါ။

Source: MMtimes

Leave a comment

Your email address will not be published. Required fields are marked *