မန်စီးတီးသတင်းတိုများ

” နာပိုလီက ထိပ်တန်အသင်းကြီးတစ်သင်းဖြစ်သလို သူတို့ကလဲ ကျနော်မျှော်လင့်ထားသလောက်အထိကို ကစားပေးသွားခဲ့တာပါ။

သူတို့မှာ အဝေး၊ အနီး ဖြတ်တင်ဘောတွေ တိတိကျကျ ပြုလုပ်နိုင်တဲ့ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသလို၊ ကျနော့်ရဲ့ နည်းပြဘဝ တစ်လျှောက် ရင်ဆိုင်ခဲ့ဖူးတဲ့ အသင်းတွေထဲက အကောင်းဆုံး အသင်းတစ်သင်းလဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပွဲကို အနိုင်ရတာ ကျေနပ်မိပါတော့ဗျာ ”

* မန်စီးတီးရဲ့ 2017/18 ဘောလုံးရာသီ လက်ရှိ စွမ်းဆောင်ရည်။ 12 ပွဲ ကစား၊ 11 ပွဲ နိုင်၊ 1 ပွဲ သရေ၊ 39 ဂိုး သွင်းယူထား

* မနေ့ညက ပွဲစဉ်မှာတော့ အကောင်းဆုံးကစားသမားဆုကို ကွင်းလယ်လူ ဒီဘရိုင်းက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

* ဒီရာသီမှာ စီးတီးအတွက် အကောင်းဆုံးပုံစံနဲ့ စွမ်းဆောင်ပေးနေတဲ့ ဒီဘရိုင်းကို စာချုပ်သစ်ချုပ်ဆိုဖို့ စတင်ဆွေးနွေးတော့မှာ ဖြစ်ကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကိုယ်တိုင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သတင်းတွေအရ ဒီဘရိုင်းရဲ့ လက်ရှိလစာ 110000 ကို နှစ်ဆအထိ တိုးမြှင့်ပေးသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

* ” မန်စီးတီးက အားလုံးပြည့်စုံနေပါပြီ။ ကစားပုံလဲ လျှင်မြန်သလို၊ နည်းစနစ်ပိုင်းဆိုင်က ကျွမ်းကျင်မှုတွေကလဲ အံ့မခန်းပါပဲ။

သူတို့သာ လက်ရှိပုံစံအတိုင်း ဆက်သွားနိုင်ခဲ့မယ်ဆိုရင် ရာသီအကုန်မှာ သူတို့မှန်းထားတဲ့ ပစ်မှတ်တိုင်းကို ရယူနိုင်မှာပါ”

* ဂျီးဆပ်ကတော့ မန်စီးတီးအတွက် ပွဲ 20 စတင်ပွဲထွက် ကစားပေးထားပြီး 15 ဂိုးသွင်းကာ 6 ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *