ချန်​ပီယံလိဂ်​မှာစံချိန်​သစ်​တင်​နိုင်​ခဲ့ပြီဖြစ်​တဲ့လီ​ဗာပူးအသင်း


မ​နေ့ညကမာရီ​ဘောအသင်းကို၇ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့တဲ့လီ​ဗာပူးအသင်းဟာချန်​ပီယံလိဂ်​ပြိုင်​ပွဲမှာအကြီးမားဆုံးအ​ဝေးကွင်းနိုင်​ပွဲရရှိတဲ့အင်္ဂလန်​အသင်းအဖြစ်​စံချိန်​သစ်​တင်​နိုင်​ခဲ့ပါတယ်​။

ချန်​ပီယံလိဂ်​ပြိုင်​ပွဲမှာနှစ်​ပွဲကစားတစ်​မှတ်​သာရရှိခဲ့တဲ့လီ​ဗာပူးဟာမ​နေ့ညပွဲမှာ​တော့ ဆာလက်​ (၂ဂိုး) ဖာမီုနိ (၂ဂိုး) ​ကော်​တင်​ညို ချိန်​ဘာလိန်​ အာနိုးတို့ရဲ့ဂိုး​တွေနဲ့အ​ဝေးကွင်းမှာ၇ဂိုးပြတ်​နဲ့နိုင်​ခဲ့ပြီိး လွန်​ခဲ့တဲ့ ၁၉၆၉ခုနှစ်​က လိုင်​ယွန်​ကို၆ဂိုးပြတ်​နဲ့နိုင်​ခဲ့တဲ့လိဒ်​ယူနိုက်​တက်​အသင်း ၁၉၅၇ခုနှစ်​က ရှမ်​​ရော့ရို​ဗာကို၆ဂိုးပြတ်​နဲ့နိုင်​ခဲ့တဲ့မန်​ယူအသင်းတို့ရဲ့စံချိန်​​တွေကိုချိုးဖျက်​နိုင်​ခဲ့ပြီဖြစ်​ပါတယ်​။

ဒါ့အပြင်​အဆိုပါပွဲစဉ်​မှာ ၁၉၉၃ခုနှစ်​ကအာဆင်​နယ်​အသင်းစတန်းဒက်​လိဒ်​အသင်းကို၇ဂိုးပြတ်​နဲ့နိုင်​ခဲ့ပြီး​နောက်​ပိုင်းအင်္ဂလန်​အသင်းရဲ့အကြီးမားဆုံးနိုင်​ပွဲတစ်​ခုလည်းဖြစ်​ပါတယ်​။

လီ​ဗာပူးရဲ့နိုင်​ပွဲဟာချန်​ပီယံလိဂ်​သမိုင်းမှာ​တော့ ၂၀၁၀က MSK ဖလီနာကိုအ​ဝေးကွင်းမှာ၇ဂိုးပြတ်​နဲ့နိုင်​ခဲ့တဲ့မာ​ဆေး ၂၀၁၄က BATE ဘိုရီ​ဆော့ကိုအ​ဝေးကွင်းမှာ၇ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့တဲ့ရှက်​တာဒိုးနက်​တို့ရဲ့အကြီးမားဆုံးအ​ဝေးကွင်းစံချိန်​ကိုလိုက်​မှီသွားခဲ့ပါတယ်​။

စပါးတပ်​​မော်​စကိုဟာ​မ​နေ့ညကဆီ​ဗီလာကို၅ဂိုး၁ဂိုးနဲ့နိုင်​ခဲ့တာ​ကြောင့်​လီ​ဗာပူးဟာအုပ်​စု E ရဲ့ထိပ်​ဆုံး​နေရာကို​ရောက်​လာခဲ့ပါတယ်​။

Source: Sports Myanmar.

Leave a comment

Your email address will not be published. Required fields are marked *