ဘာမင်ဂမ်နည်းပြရာထူးအတွက် လောင်းကြေးဖွင့်ရာတွင် သေဆုံးသွားသူကို ထည့်သွင်းခဲ့မိခြင်းကြောင့် Paddy Power တောင်းပန်ခဲ့ရ

အိုင်ယာလန်အခြေစိုက် လောင်းကစားကုမ္ပဏီ Paddy Power သည် ဘာမင်ဂမ်အသင်း၏နည်းပြရာထူးအတွက် လောင်းကြေးဖွင့်လှစ်ရာတွင် ဧပြီလက သေဆုံးသွားခဲ့သည့် အက်စတွန်ဗီလာနှင့် အင်္ဂလန်နောက်ခံလူဟောင်း အီဟိုဂူကို ထည့်သွင်းခဲ့မိကြောင်း သိရှိရသည်။ ဘာမင်ဂမ်အသင်းသည် စနေနေ့က ဟယ်ရီရက်နက်ပ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး နည်းပြလစ်လပ်သွားသည့်အတွက် Paddy Power က နည်းပြသစ်ဖြစ်လာနိုင်ခြေရှိသူများကို လောင်းကြေးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖရန့်ဒီဘိုးဝါး၊ ဆမ်အလာဒိုက်စ်နှင့် လူးဝစ်ဖီဂိုတို့က ထိပ်ဆုံးတွင် ဦးဆောင်ခဲ့သည်။ အီဟိုဂူမှာ ၎င်းတို့၏နောက်တွင် (၆၆း၁)လေးဖြင့် ကြေးဖွင့်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် အီဟိုဂူမှာ ဧပြီလက အသက်(၄၄)နှစ်အရွယ်တွင် လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေစဉ် ရုတ်တရက်သေဆုံးခဲ့သူဖြစ်သည့်အတွက် ဝေဖန်ပြစ်တင်မှုများစွာ ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် Paddy Power အနေဖြင့် အီဟိုဂူ၏ မိသားစုကို တောင်းပန်စာပေးပို့ခဲ့ရသလို ယခုဖြစ်ရပ်မှာ နောက်ပြောင်ခြင်း လုံးဝမဟုတ်ဘဲ ရည်ရွယ်ချက်မရှိသည့် အမှားအယွင်းတစ်ခုသာဖြစ်ကြောင်းလည်း

နေမာအမည်ပါ အသင်းဂျာစီအရောင်းသွက်မှုကြောင့် ပစ္စည်းပြတ်မည်ကို PSG စိုးရိမ်နေ

PSGအသင်းသည် အသင်းသို့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် နေမာ၏အမည်ပါဂျာစီမှာ အရောင်းသွက်နေမှုကြောင့် ဈေးကွက်ထဲတွင် ပစ္စည်းပြတ်သွားမည်ကို စိုးရိမ်နေရကြောင်း သိရသည်။ နေမာ၏ဂျာစီမှာ တစ်ရက်တည်းတွင် အထည် ၁၀၀၀၀ ရောင်းချမှုအပါအ၀င် ပြီးခဲ့သည့်ရက် ၃၀ အတွင်း ၁၂၀၀၀၀ ခန့်ရောင်းချခဲ့ရပြီး PSGအသင်းအနေဖြင့် ယင်းဂျာစီရောင်းချရမှုမှ ပေါင်(၇.၈)သန်းခန့် ပြန်လည်ရရှိခဲ့သည်။ PSGအသင်း၏တရားဝင်အမှတ်တရပစ္စည်းဆိုင်မှ အချက်အလက်များအရ ယခုရာသီတွင် နေမာ၊ ဘာပေတို့ ရောက်ရှိလာမှုကြောင့် ပြီးခဲ့သည့်နှစ်ကထက် ရောင်းအား (၇၅%)မြင့်တက်လာခဲ့ကြောင်း သိရသည်။ PSGအသင်းသည် နေမာ၏ဂျာစီများ ရောင်းကုန်သွားလျှင် လာမည့်နိုဝင်ဘာလရောက်မှသာ ဈေးကွက်ထဲ ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်သောကြောင့် စိုးရိမ်ပူပန်နေခြင်းလည်းဖြစ်သည်။

ပေါ့ဘာ၏ ဒဏ်ရာသတင်းများကို မော်ရင်ဟို ငြင်းဆန်

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက အသင်းကွင်းလယ်လူ ပေါ့ဘာ၏ဒဏ်ရာမှာ (၃)လခန့်အနားယူရနိုင်ကြောင်း သတင်းများထွက်ပေါ်နေမှုအား ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ ပေါ့ဘာသည် စက်တင်ဘာလ ၁၂ ရက်နေ့က ကစားခဲ့သည့် ဘေဆယ်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မော်ရင်ဟိုက ယခုထွက်ပေါ်နေသည့်ကောလာဟလများမှာ အဓိပ္ပာယ်လုံးဝမရှိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။   ” ပေါ့ဘာရဲ့ဒဏ်ရာဟာ ၁၂ ပတ်နားရမလား၊ ၁၂ ရက်နားရမလားဆိုတာ ကျွန်တော် မသိပါဘူး။ အရိုးသားဆုံးပြောရရင် အခုထွက်ပေါ်နေတဲ့ ကောလာဟလတွေဟာ လုံးဝမှားပါတယ်။ အဖြေအတိအကျသိရဖို့ တစ်ပတ်ကျော်လောက် စောင့်ရပါဦးမယ်” ဟု မော်ရင်ဟိုက အဲဗာတန်အသင်းအား (၄-၀)ဂိုးနှင့် အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။     Jose Mourinho labels reports Paul Pogba will miss 12 weeks for