ပရီးမီးယားလိဂ်တွင် မန်စီးတီးတိုက်စစ်မှူး ဂျေးဆူ ဂိုးသွင်းနှုန်းအကောင်းဆုံးဖြစ်နေ

မန်စီးတီးအသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဆူသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်းအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အနည်းဆုံး(၁၀)ဂိုး သွင်းယူနိုင်သည့်ကစားသမားများကို ၎င်းတို့ ပါဝင်ကစားခဲ့သည့် ပွဲချိန်မိနစ်များဖြင့် ချိန်ထိုးတွက်ချက်ခြင်းဖြစ်ပြီး ဂျေးဆူသည် (၉၇၇)မိနစ်ကစားရာတွင် (၁၁)ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ဂိုးသွင်းနှုန်းအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

ဂျေးဆူသည် ပြီးခဲ့သည့် ဇန်န၀ါရီလကမှ မန်စီးတီးအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ဂိုးတစ်ဂိုးရရှိရန် (၈၈.၈၂)မိနစ်သာ ကြာမြင့်သည့်သဘောဖြစ်သည်။

ဒုတိယနေရာတွင် မန်စီးတီးအသင်းဖော် အဂွဲရိုးက ဂိုးတစ်ဂိုးအတွက် ပျမ်းမျှကြာချိန် (၁၀၈.၄၄)မိနစ်ဖြင့် ရပ်တည်ခဲ့သည်။

Leave a comment

Your email address will not be published. Required fields are marked *