လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 

■ ဆိုစီဒက် နှင့် ဘက်တစ် (တနင်္ဂနွေညနေ ၄း၃၀)

(၃)ပွဲဆက်ရှုံးခဲ့ရမှုအတွက် ဒီပွဲကို ဆိုစီဒက်အတိမ်းအ စောင်းအဖြစ်ခံမှာမဟုတ်ဘူး။ ဘက်တစ်ကလည်း အဝေးကွင်း နောက်ဆုံးပွဲမှာ ရီးယဲလ်မက်ဒရစ်ကိုနိုင်ထားပေမယ့် စိတ်ချရ လောက်တဲ့အသင်း မဟုတ်သေးဘူး။ အိမ်ကွင်းရှုံးပွဲတွေကြောင့် နိုင်ပွဲပြန်ရှာမယ့် ဆိုစီဒက်ပဲကြိုက်တယ်။ ဂိုးများမယ်။

■ ဘာစီလိုနာ နှင့် လက်စ်ပါမားစ် (တနင်္ဂနွေည ၈း၄၅)

ဘာစီလိုနာအတွက် သိပ်အခက်အခဲမရှိနိုင်တဲ့ပွဲမျိုးပါပဲ။ ဘာစီလိုနာရဲ့အိမ်ကွင်းရလဒ်တွေကလည်း ကောင်းမွန်နေပြီး တိုက်စစ်အစွမ်းကလည်း ထက်မြက်လွန်းနေတယ်။ လက်စ်ပါမားစ်က ဒီရာသီခြေမှန်နေတဲ့အသင်းအဖြစ် မတွေ့ရသေးဘူး။ ဒါပေမဲ့ အဝေးကွင်းမှာ ခံစစ်ကစားပြီး အမှတ်ရအောင်ရှာတတ်တဲ့ပုံစံမျိုးတော့ တွေ့ရတယ်။ အဝေးကွင်း(၃)ပွဲမှာ (၁)ပွဲကို တစ်ဂိုးထက် ပိုမပေးရတဲ့ လက်စ်ပါမားစ်ရဲ့ခံစစ်ပိုင်းကလည်း လျှော့တွက်လို့မရဘူး။ ဘာစီလိုနာကလည်း ချန်ပီယံလိဂ်ကအပြန် ကစားတဲ့ လာလီဂါပွဲတွေဆိုရင် အင်အားနည်းနည်းလျော့နေသလိုတွေ့ရတယ်။ ဒါပေမဲ့ အခုကစားမှာက အိမ်ကွင်းမှာဖြစ်နေတဲ့ အချက်ကတော့ ဘာစီလိုနာရဲ့အားသာမှုလို့ပြောရမယ်။ မက်ဆီကလည်း အိမ်ကွင်းဆိုဂိုးတွေသွင်းပြတတ်တာ၊ နည်းပြဗယ်လ်ဗာ ဒီရဲ့ အလှည့်ကျလူထုတ်ပုံကလည်း တဖြည်းဖြည်းအသားကျလာတာ၊ ဒင်းနစ်ဆွာရက်ဇ်၊ ပေါ်လင်ဟိုတို့ဆီကလည်း သွင်းဂိုးတွေ မျှော်လင့်လို့ရလာနေတာတွေကြောင့် အိမ်ကွင်းမှာ ဘာစီလိုနာကို သိပ်မစိုးရိမ်ရသလိုဖြစ်နေတယ်။ ပြီးခဲ့တဲ့ရာသီကလည်း လက်စ်ပါမားစ်ကို အိမ်ကွင်းမှာပဲ ဂိုးပြတ်နိုင်ထားဖူးတယ်။ ဒီပွဲလည်း ဘာစီလိုနာနဲ့ ဂိုးအများပဲဆက်ရွေးထားရမယ်။

ပွဲကြိုအချက်အလက်များ

■ ဘာစီလိုနာအသင်းသည် လာလီဂါအိမ်ကွင်း နောက်ဆုံး (၁၅)ပွဲဆက် နိုင်ထားပြီး တိုက်စစ်ပိုင်းမှ တစ်ပွဲပျမ်းမျှ (၄.၂)ဂိုးအထိ သွင်းယူထားသည်။
■ လက်စ်ပါမားစ်အသင်းသည် လာလီဂါအဝေးကွင်းနောက်ဆုံး (၂၅)ပွဲတွင် (၂)ပွဲသာအနိုင်ရရှိထားပြီး (၃)ပွဲသရေကျကာ (၂၀)ပွဲရှုံးနိမ့်ထားသည်။
■ ဘာစီလိုနာအသင်း၏ လာလီဂါအိမ်ကွင်းနောက်ဆုံး (၅)ပွဲတွင် (၂)သင်းပေါင်းသွင်းဂိုးမှာ တစ်ပွဲပျမ်းမျှ (၅)ဂိုးအထိရှိသည်။

 

■ ဗလင်စီယာ နှင့် ဘီလ်ဘာအို (တနင်္ဂနွေည ၁၁း၀၀)

မက်စ်တဲလားမှာ ဒီ(၂)သင်းဆုံတိုင်း အပြန်အလှန်ရှိတတ် ပေမယ့် ဒီတစ်ပွဲတော့ ဘီလ်ဘာအို မလွယ်လောက်တော့ဘူး။ ဗလင်စီယာကစားအားက သိသိသာသာတိုးတက်လာနေတယ်။ ဗလင်စီယာနဲ့ဂိုးအများပဲ ရွေးထားလိုက်တယ်။

■ ဗီလာရီးယဲလ် နှင့် အီဘာ (တနင်္ဂနွေည ၁၁း၀၀)

(၂)သင်းစလုံးရဲ့ ဒီရာသီခြေစွမ်းက ပုံမှန်မရှိကြသေးဘူး။ အီဘာက ပိုဆိုးတယ်။ ခံစစ်ပိုင်းက အတော့်ကိုအားနည်းနေ တယ်။ ဒီပုံမျိုးနဲ့ဆို ဗီလာရီးယဲလ်ကိုလည်း တောင့်ခံဖို့ မလွယ် ဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲကောင်းမယ်။

■ ရီးယဲလ်မက်ဒရစ် နှင့် အက်စ်ပန်ညို (တနင်္လာနံနက် ၁း၁၅)

ရီးယဲလ်ရဲ့ ရာသီအစအိမ်ကွင်းရလဒ်တွေက နှစ်(၂၀)အတွင်း အဆိုးဆုံးအခြေအနေနဲ့ ကြုံနေရတယ်။ ဗလင်စီယာနဲ့ လီဗန်တေးကို သရေသာကစားနိုင်ပြီး နောက်ဆုံးကစားခဲ့တဲ့ ဘက်တစ်နဲ့ အိမ်ကွင်းပွဲဆိုရင် အရှုံးတောင်ပေးလိုက်ရတယ်။ ဒါ့အပြင် အိမ်ကွင်းတိုက်စစ်အားကလည်း (၃)ပွဲမှာ (၃)ဂိုးသာသွင်းနိုင်ခဲ့ပြီး ဘက်တစ်နဲ့ပွဲမှာဆိုရင် ဂိုးတောင်မရခဲ့ဘူး။ ဒါကြောင့် ရီးယဲလ်အသင်း အိမ်ကွင်းရလဒ်ဆိုးနဲ့အတူ တိုက်စစ်အားပါ လျော့ကျလာသလိုတွေ့နေရတယ်။ ဘက်တစ်ကိုရှုံးခဲ့တဲ့ပွဲဆိုရင် ဘန်ဇီမာကလွဲပြီး အသင်းရဲ့အဓိကçကစားသမားအားလုံးကို ပွဲထုတ်ခဲ့တာဖြစ်ပေမယ့် ရီးယဲလ်တိုက်စစ်က အားရစရာမရှိခဲ့ ဘူး။ ခံစစ်ပိုင်းကလည်း အားနည်းနေဆဲဖြစ်ပြီး ဂိုးတွေကိုခွင့်ပြုနေရတုန်းပါပဲ။ အခုကစားမယ့် အက်စ်ပန်ညိုကလည်း လာလီဂါ ၀ါရင့်အသင်းတစ်သင်းပီပီ ဘာနေဗျူးမှာ ရီးယဲလ်ကိုအကောင်းဆုံးရင်ဆိုင်ဖို့ ပြင်ဆင်လာမှာသေချာပါတယ်။ ဘာစီလိုနာကိုရှုံးခဲ့ ပေမယ့် ဆီဗီလာနဲ့ ဗီလာရီးယဲလ်လိုအသင်းတွေကို သရေရအောင်ကစားခဲ့တဲ့ အက်စ်ပန်ညိုရဲ့အဝေးကွင်းကစားအားက လည်းလျှော့တွက်လို့မရဘူး။ ရီးယဲလ်အိမ်ကွင်းဆိုပေမယ့် အက်စ်ပန်ညိုနဲ့ဂိုးအနည်းပဲ ရွေးထားကြည့်ချင်မိတယ်။

ပွဲကြိုအချက်အလက်များ

■ ရီးယဲလ်မက်ဒရစ်အသင်းခံစစ်ပိုင်းသည် လာလီဂါအိမ်ကွင်းနောက်ဆုံး (၁၀)ပွဲတွင် ဂိုးမပေးရသည့်ပွဲ (၁)ပွဲသာရှိခဲ့ပြီး (၁၄)ဂိုးပေးခဲ့ရသည်။
■ ရီးယဲလ်မက်ဒရစ်အသင်း၏ လာလီဂါအိမ်ကွင်းနောက်ဆုံး (၅)ပွဲတွင် (၂)သင်းပေါင်းသွင်းဂိုးမှာ တစ်ပွဲပျမ်းမျှ (၃)ဂိုးသာရှိသည်။
■ အက်စ်ပန်ညိုအသင်းသည် လာလီဂါအဝေးကွင်းနောက်ဆုံး (၇)ပွဲတွင် (၁)ပွဲသာရှုံးနိမ့်ထားပြီး (၃)ပွဲနိုင်၊ (၃)ပွဲသရေကျထားသည်။

Leave a comment

Your email address will not be published. Required fields are marked *