ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ဟက်ဒါဖီးလ် နှင့် စပါး (စနေည ၆း၀၀ နာရီ)

 

 

ဟတ်ဒါဖီးလ်က ရာသီအဖွင့်မှာ ရလဒ်တွေကောင်းခဲ့ပေ မယ့် နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲသရေ၊ (၁)ပွဲ ရှုံးခဲ့တာတွေ့ရတယ်။ စပါးကတော့ အိမ်ကွင်းမှာ သရေကျလိုက်၊ အဝေးကွင်းမှာ နိုင်ပွဲ ရှာလိုက်ဖြစ်နေတယ်။ ချန်ပီယံလိဂ်လည်းကစားထားရလို့ ပွဲပန်း နေနိုင်တယ်။ စပါး ဂိုးမပြတ်ဘဲ နိုင်လိမ့်မယ်။

ဘုန်းမောက် နှင့် လက်စတာ (စနေည ၈း၃၀ နာရီ)

ရှုံးပွဲတွေများနေတဲ့ ဒီနှစ်သင်းမှာ တိုက်ဆိုင်တာက သူတို့ နောက်ဆုံးအနိုင်ရထားတဲ့အသင်းက ဘရိုက်တန်ဖြစ်နေတာပဲ။ လက်စတာလည်း အားနည်းချက်တွေရှိပေမယ့် ဘုန်းမောက်ရဲ့ အခြေအနေက ပိုဆိုးနေတယ်။ တိုက်စစ်အားနည်းပြီး ခံစစ်လည်း ညံ့နေတယ်။ ဒီပွဲလည်း ဘုန်းမောက် အလွန်ဆုံးသရေပဲ။

မန်ယူ နှင့် ပဲလေ့စ် (စနေည ၈း၃၀ နာရီ)

ပဲလေ့စ်က လက်ရှိ ပရီးမီးယားလိဂ်မှာ ဂိုးတောင်မသွင်းနိုင် သေးတဲ့အသင်းအဖြစ် ရပ်တည်နေတယ်။ တော်တော်လေးလည်း အားနည်းပြီး စိတ်ပျက်စရာကောင်းပါတယ်။ ရလဒ်ကောင်းတွေ ပြန်လိုနေပေမယ့် ဒီပွဲမှာတော့ မဖြစ်နိုင်ပါဘူး။ မန်ယူပဲနိုင်မယ်။ ဂိုးလည်းပြတ်နိုင်တယ်။

စတုတ်စီးတီး နှင့် ဆောက်သမ်တန် (စနေည ၈း၃၀ နာရီ)

စတုတ်စီးတီးက နယူးကာဆယ်ကို ရှုံးပြီးတော့ အိမ်ကွင်း မှာ ချယ်လ်ဆီးကို ဂိုးပြတ်ရှုံးသွားခဲ့တာတွေ့ရတယ်။ ဆောက်သမ် တန်ကလည်း မန်ယူနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ရှုံးတာပါ ပဲ။ အဝေးကွင်းဆိုရင် ပိုပြီးအားနည်းတတ်တာကိုလည်းတွေ့ရ တယ်။ စတုတ်စီးတီး နိုင်ပွဲရလိမ့်မယ်။

ဝက်စ်ဘရွန်း နှင့် ၀က်ဖို့ဒ် (စနေည ၈း၃၀ နာရီ)

အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာလိမ့်မယ်။ မန်စီးတီးကို ဘယ်လိုမှ မယှဉ်နိုင်လို့ အရှုံးပေးခဲ့ရပေမယ့် မာကို ဆေးလ်ဗားနဲ့ ၀က်ဖို့ဒ်က ပုံစံကောင်းတွေပြနေတယ်။ ၀က်စ်ဘ ရွန်းရဲ့ရလဒ်က အားရစရာမရှိဘူး။ ဒါပေမဲ့ ခြေစွမ်းကောင်းတဲ့ အသင်းပါ။ သရေကျနိုင်ပြီး အနိုင်ဆိုရင် အိမ်ရှင်ပဲ။

ဝက်စ်ဟမ်း နှင့် ဆွမ်ဆီး (စနေည ၈း၃၀ နာရီ)

ဝက်စ်ဟမ်းရဲ့ လက်ရှိခြေစွမ်းက အားရစရာမရှိဘူး။ စပါးနဲ့ ပွဲမှာလည်း အပြန်အလှန်ကစားနိုင်ခဲ့တယ်ဆိုပေမယ့် ရှုံးတာပါ ပဲ။ ဆွမ်ဆီးကလည်း အိမ်ကွင်းလည်းမကောင်း၊ အဝေးကွင်းလည်း ညံ့ ဖြစ်နေတယ်။ ဒီပွဲကတော့ အိမ်ရှင် ၀က်စ်ဟမ်းအတွက် နိုင်ပွဲ ရသင့်တဲ့ပွဲပါ။ ၀က်စ်ဟမ်း (၁-၀)လောက်ဖြစ်မယ်

ချယ်လ်ဆီး နှင့် မန်စီးတီး (စနေည ၁၁း၀၀ နာရီ)

လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းတွေထဲက နှစ်သင်းဖြစ်ပြီး စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲလည်းဖြစ် လာလိမ့်မယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိ ရမှတ်နဲ့ ရပ်တည်မှုအရ ဒီပွဲအရှုံးကနေ ဆိုးဆိုးရွားရွားဖြစ်သွားဖို့တော့မရှိဘူး။ ဒါပေမဲ့ သရေထိန်းကစားဖို့မရှိဘဲ အနိုင်ရရှိရေးကိုပဲ ဦးတည်ကစားကြလိမ့်မယ်။ ချယ်လ်ဆီးက လက်ရှိချန်ပီယံအသင်းဖြစ်ပြီး လက် ရှိအချိန်မှာ ချန်ပီယံဂုဏ်ပုဒ်နဲ့အညီ ခြေစွမ်းပြနေသလို၊ မန်စီးတီးကလည်း ရာသီမစခင်ကတည်းက ရေပန်းအစားဆုံးအသင်း ပီပီ လက်ရှိပရီးမီးယားလိဂ်မှာ အကောင်းဆုံးခြေစွမ်းပြနေတာကိုတွေ့ရတယ်။ ဒီပွဲမှာ မန်စီးတီးက ပွဲကို စိုးမိုးထားနိုင်ဖို့များပြီး၊ ချယ်လ်ဆီးက မန်စီးတီးတိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ရလိမ့်မယ်။ အထူးသဖြင့် မန်စီးတီးရဲ့ တောင်ပံနှစ်ဖက်ကို တော် တော်လေး သတိထားရမယ်။ လူးဝစ်ဇ်မပါတဲ့အတွက်လည်း အဂွဲရိုး၊ ဂျေးဆူတို့ကို ထိန်းချုပ်ရတာ အခက်အခဲရှိမယ်။ ဒါပေမဲ့ မန်စီးတီးအတွက်လည်း ဟာဇက်၊ ၀ီလီယံ၊ မိုရာတာတို့ရဲ့ တန်ပြန်တိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ရလိမ့်မယ်။ ကွန်တီက လည်း ဂွါဒီယိုလာကို မနှစ်က နှစ်ကျော့စလုံးအနိုင်ကစားထားတယ်။ ချယ်လ်ဆီး မရှုံးနိုင်ဘူး။

Leave a comment

Your email address will not be published. Required fields are marked *