အင်္ဂလန်အသင်းကွင်းလယ်လူ အယ်လီကို ဖီဖာက တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ
အယ်လီကို တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းသိရသည်။ ယခုစက်တင်ဘာလ
အစောပိုင်းက ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဆလိုဗက်ကီးယားအသင်းနှင့်
ကစားခဲ့သောပွဲတွင် လက်ခလယ်ထောင်ပြကာ ရိုင်းစိုင်းသည့်အမူအရာပြုလုပ်ခဲ့
ခြင်းကြောင့် ဖီဖာက ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မူလက အယ်လီသည် ကွင်းလယ်ဒိုင်ကို လက်ခလယ်ထောင်ပြခဲ့ခြင်းဖြစ်သည်
ဟု စွပ်စွဲခံခဲ့ရသော်လည်း ၎င်းက အသင်းဖော် ဝေါလ်ကာအား နောက်ပြောင်
သည့်သဘောဖြင့် ယင်းကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ သို့သော်
လည်း ဖီဖာက အယ်လီ၏ ဖြေရှင်းချက်ကို လက်မခံဘဲ တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်
ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်သည် ဆလိုဗေးနီးယား၊ လစ်
သူယေးနီးယားတို့နှင့်ကစားမည့် ခြေစစ်ပွဲများအတွက် လူစာရင်းတွင် အယ်လီကို
ရွေးချယ်ထားပြီး ယခုအခါ ပွဲပယ်ပြစ်ဒဏ်ကြောင့် အယ်လီမှာ ဆလိုဗေးနီးယားနှင့်
ပွဲကို လွဲချော်မည်ဖြစ်သည်။ အင်္ဂလန်အသင်းတွင် ဗာဒီ၊ လယ်လာနာတို့မှာ ဒဏ်
ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး ယခုအခါ အယ်လီမှာလည်း ပွဲပယ်ပြစ်ဒဏ်
ကျခံရမည်ဖြစ်ရာ အင်္ဂလန်အသင်းတိုက်စစ်ပိုင်းအတွက် အားနည်းချက်ဖြစ်စေ
နိုင်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

Leave a comment

Your email address will not be published. Required fields are marked *