ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ခြေစစ်ပွဲမဲခွဲမှုကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင် ပြုလုပ်မည်v

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ခြေစစ်ပွဲမဲခွဲမှုကို ယင်းပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိုင်ယာလန်နိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဥရောပဘောလုံးအဖွဲ့ချုပ် တည်ထောင်ခြင်း နှစ်(၆၀)ပြည့်အဖြစ် ဥရောပမြို့ကြီး(၁၃)မြို့တွင် ထူးထူးခြားခြားကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ဒဗ္ဗလင်မြို့နှင့်အတူ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အခြားမြို့များမှာ အမ်ဒတာဒမ်၊ ဘာကူ၊ ဘီလ်ဘာအို၊ ဘရပ်ဆဲလ်၊ ဘူခါရက်၊ ဘူဒါပက်စ်၊ ကိုပင်ဟေဂင်၊ ဂလပ်စဂို၊ လန်ဒန်၊ မြူးနစ်၊ ရောမနှင့် စိန့်ပီတာစဘတ်မြို့များဖြစ်သည်။

ခြေစစ်ပွဲမဲခွဲမှုကို ဒဗ္ဗလင်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်နိုင်ငံ(၅၅)နိုင်ငံအား အုပ်စု(၁၀)ခု ခွဲခြားသွားမည်ဖြစ်သည်။

ယူရို ၂၀၂၀ ပြိုင်ပွဲတွင် အသင်းပေါင်း(၂၄)သင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *