ကျွန်​​တော့်​နှလုံးသားကအဖြူ​ရောင်​ပါလို့​ပြောလိုက်​ပြီးဘာကာနည်းပြရာထူးကိုစိတ်​မဝင်​စားဘူးလို့​ပြောလိုက်​တဲ့ဇိဒန်း


==================================
ရီးရဲယ်​မက်​ဒရစ်နည်းပြဇနက်​ဒင်းဇိဒန်းကသူရဲ့နှလုံးသားဟာစပိန်​နဲ့ဥ​ရောပချန်​ပီယံအသင်းထံမှာပဲရှိ​နေပြီးဘာကာနည်းပြရာထူးကိုစိတ်​ဝင်​စားမှုမရှိဘူးလို့​ပြောလိုက်​ပါတယ်​။

ဇိဒန်းဟာယ​နေ့ညဂီတာ​ဖေးအသင်းနဲ့ပွဲစဉ်​မှာရီးရဲယ်​မက်​ဒရစ်​အသင်းကိုကိုင်​တွယ်​တာပွဲ၁၀၀ပြည့်​​မြောက်​​တော့မှာဖြစ်​ပြီးလွန်​ခဲ့တဲ့၂၀၁၆ ဇန်​န၀ါရီကဘင်​နီတက်​ဇ်​ရဲ့​နေရာကိုအစားဝင်​ခဲ့တဲ့ဇိဒန်းဟာလက်​ရှိအချိန်​မှာဘာ​နေ​ဗျုးကလပ်​နဲ့အတူဆုဖလား၇လုံးရရှိထပါတယ်​။

ဇိဒန်းက “ကျွန်​​တော့်​မှာအဖြူ​ရောက်နှလုံးသားရှိပြီးဒါကို​ပြောင်းလဲသွားမှာမဟုတ်​ပါဘူး။ လူ​တော်​​တော်​များများကကျွန်​​တော်​တစ်​​နေ့မှာဘာကာကိုကိုင်​တွယ်​နိုင်​ဖို့ရှိလားလို့​မေးကြ​ပေမယ့်​ဒာဟာကျွန်​​တော့်​​နေရာမဟုတ်​ပါဘူး။ ကျွန်​​တော်​ကဒီမှာပါ။                                                                                    

ကျွန်​​တော်​ဒီအချိန်​မှာ​တွေး​နေတာကရလဒ်​​တွေ​ကောင်းမွန်​​အောင်​ဘာလုပ်​ရမလဲဆိုတာပါပဲ။ အားလုံးကို​လေးစားပါတယ်​။ ဒီ့အပြင်​ဘာမှမရှိပါဘူး။” လို့​ပြောသွားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *