မန်စီးတီး နဲ့ စာချုပ်ကုန်ဆုံးချိန် မှာ အာဂျင်တီးနား ကို ပြန်သွားနိုင်ကြောင်း အဂူရို ထုတ်ဖော် ပြောဆို
မန်ချက်စတာ စီးတီး နဲ့ စာချုပ်ကုန်ဆုံးချိန် မှာ အာဂျင်တီးနား ကို ပြန်သွားနိုင်ကြောင်း အဂူရို ထုတ်ဖော် ပြောဆို
===================================================
“မီလန် နဲ့ ရီးရဲမက်ဒရစ် တို့က ကျွန်တော့ကို စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းတွေကြားမိပါတယ် ။ အနာဂါတ် မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး ။ ဒါပေမယ့် အင်ဒီပန်ဒီယန်တီ ( အဂူရိုု ၏ ငယ်ဘဝ ကလပ် ) မှာ ပြန်ကစားဖို့ ကတော့ ကျွန်တော့ခေါင်းထဲမှာ အမြဲရှိနေတာပါ”
“စီးတီး နဲ့ ကျွန်တော့ရဲ့ စာချုပ်က ၂၀၁၉ ဆိုရင် ကုန်ပါပီ ။ နည်းဥပဒေ အရ နောက်ထပ် ၁ နှစ် စာချုပ် ထပ်ချုပ် ဖို့ ကျွန်တော့မှာ အခွင့်အရေးရှိပါတယ် ။ ဒါပေမယ့် မွေးရပ်ကို ပြန်ဖို့ကလည်း ကျွန်တော့ ခေါင်းထဲမှာ အစဉ် အမြဲ တွေးတောမိနေတဲ့ အရာပါ”
“ဒီရာသီမှာ ကျွန်တော်တို့ပုံစံကောင်းတွေ ရနေပါတယ် ။ ရာသီကုန်အထိ ဒီပုံစံတွေကို ထိန်းသွားပြီး အမှတ် ပေးဖလားကို နောက်တစ်ကြိမ် ဆွတ်ခူးလိုပါသေးတယ်”
ဆာဂျီယိုအဂူရို ( မန်ချက်စတာ စီးတီး တိုက်စစ်မှုး )
Source : Sports Myanmar
Leave a comment
Your email address will not be published. Required fields are marked *