အဂၤလန္​နဲ႔ပြဲမွာကစားသမားသစ္​​ေတြကိုစမ္​းသပ္​သံုးစြဲသြားဖို႔စီစဥ္​​ေနတဲ႔ဂ်ာမနီနည္းျပ​ဂ်ိဳအာခ်င္​လိုး

ကမာၻ့ဖလားခ်န္ ပီယံဆုကိုကာကြယ္ ႏိုင္ ဖို႔ရည္ မွန္ းထားတဲ့ဂ်ာမနီအသင္ းရဲ႕နည္ းျပဂ်ဳိအာခ်င္ လိုးက ယ ေန႔ညဝင္ ဘာ ေလမွာအဂၤလန္ နဲ႔ကစားရမယ္ ့ပြဲစဥ္ အတြက္ အသင္ းမွာအ ေတြ႔အၾကံဳနည္ း ေန ေသးတဲ့ကစားသမား ေတြကိုစမ္ းသပ္ သံုးစြဲဖို႔စီစဥ္ ေနပါတယ္ ။

ဂ်ဳိအာခ်င္ လိုးက “ဒီႏွစ္ ဟာကြၽန္ ေတာ္ တို႔အတြက္ စမ္ းသပ္ ကာလပါပဲ။ ကမာၻ့ဖလားၿပိဳင္ ပြဲနီးကပ္ လာတာနဲ႔အမွ်ကြၽန္ ေတာ္ ့အ ေနနဲ႔ပံုမွန္ ကစားခြင္ ့ရတဲ့ကစားသမား ေတြအျပင္ အျခားကစားသမား ေတြရဲ႕ ေျခစြမ္ း ေတြကိုျမင္ ေတြ႔ခ်င္ ပါတယ္ ။

ရလဒ္ ေတြဟာအ ေရးပါတာ ေၾကာင္ ့ကြၽန္ ေတာ္ တို႔အဂၤလန္ နဲ႔ပြဲမွာအ ေကာင္ းဆံုးကစားခ်င္ ပါတယ္ ။ ဒါ ေပမယ္ ့ကြၽန္ ေတာ္ ့အ ေနနဲ႔စမ္ းသပ္ မႈျပဳလုပ္ သြားရမယ္ ဆုိတာလည္ းသိပါတယ္ ။

၂၀၁၇မွာကြၽန္ ေတာ္ ့အ ေနနဲ႔ဒီၿပိဳင္ ပြဲမွာဘယ္ သူ ေတြပါဝင္ ခြင့္ရ မလဲဆိုတာစဥ္ းစားၿပီးပါၿပီ။ ကမာၻ့ဖလားမတိုင္ မီကြၽန္ ေတာ္ တို႔ႏိုင္ ငံတကာပြဲႏွစ္ ပြဲကစားရမွာျဖစ္ ၿပီးကလပ္ အသင္ းမွာ ေျခစြမ္ းျပခဲ့တဲ့ကစားသမား ေတြကိုပဲအဓိက ေရြးခ်ယ္ သြားမွာပါ။

ဂ်ာမနီအသင္ းမွာအလိုအ ေလွ်ာက္ ေနရာရမယ္ ့သူမ႐ွိဘူးလို႔ ေျပာရင္ ကြၽန္ ေတာ္ လိမ္ ညာတာပါပဲ။ ဟမ္ မဲ ဒါမွမဟုတ္ တုိနီက႐ူးစ္ တို႔ဟာကြၽန္ ေတာ္ တို႔ရဲ႕ ေက်ာ႐ိုး ေတြပါပဲ။ ဒဏ္ ရာျပသနာဆိုတာ႐ွိမွာျဖစ္ ေပမယ္ ့ တစ္ ေ နရာမွာအ ေကာင္ းဆံုးကစားႏိုင္ တဲ့သူႏွစ္ ဦးရ႐ွိဖို႔ ေတာ့ရည္ မွန္ းထားပါတယ္ ။” လို႔ ေျပာသြားပါတယ္။

Unicdoe

အင်္ဂလန်နဲ့ပွဲမှာကစားသမားသစ်တွေကိုစမ်းသပ်သုံးစွဲသွားဖို့စီစဉ်နေတဲ့ဂျာမနီနည်းပြဂျိုအာချင်လိုး
=========================================
ကမ္ဘာ့ဖလားချန်ပီယံဆုကိုကာကွယ်နိုင်ဖို့ရည်မှန်းထားတဲ့ဂျာမနီအသင်းရဲ့နည်းပြဂျိုအာချင်လိုးက ယနေ့ညဝင်ဘာလေမှာအင်္ဂလန်နဲ့ကစားရမယ့်ပွဲစဉ်အတွက်အသင်းမှာအတွေ့အကြုံနည်းနေသေးတဲ့ကစားသမားတွေကိုစမ်းသပ်သုံးစွဲဖို့စီစဉ်နေပါတယ်။

ဂျိုအာချင်လိုးက “ဒီနှစ်ဟာကျွန်တော်တို့အတွက်စမ်းသပ်ကာလပါပဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာတာနဲ့အမျှကျွန်တော့်အနေနဲ့ပုံမှန်ကစားခွင့်ရတဲ့ကစားသမားတွေအပြင်အခြားကစားသမားတွေရဲ့ခြေစွမ်းတွေကိုမြင်တွေ့ချင်ပါတယ်။

ရလဒ်တွေဟာအရေးပါတာကြောင့်ကျွန်တော်တို့အင်္ဂလန်နဲ့ပွဲမှာအကောင်းဆုံးကစားချင်ပါတယ်။ ဒါပေမယ့်ကျွန်တော့်အနေနဲ့စမ်းသပ်မှုပြုလုပ်သွားရမယ်ဆိုတာလည်းသိပါတယ်။

 

၂၀၁၇မှာကျွန်တော့်အနေနဲ့ဒီပြိုင်ပွဲမှာဘယ်သူတွေပါဝင်ခွင့်ရမလဲဆိုတာစဉ်းစားပြီးပါပြီ။ ကမ္ဘာ့ဖလားမတိုင်မီကျွန်တော်တို့နိုင်ငံတကာပွဲနှစ်ပွဲကစားရမှာဖြစ်ပြီးကလပ်အသင်းမှာခြေစွမ်းပြခဲ့တဲ့ကစားသမားတွေကိုပဲအဓိကရွေးချယ်သွားမှာပါ။

ဂျာမနီအသင်းမှာအလိုအလျှောက်နေရာရမယ့်သူမရှိဘူးလို့ပြောရင်ကျွန်တော်လိမ်ညာတာပါပဲ။ ဟမ်မဲ ဒါမှမဟုတ် တိုနီကရူးစ်တို့ဟာကျွန်တော်တို့ရဲ့ကျောရိုးတွေပါပဲ။ ဒဏ်ရာပြသနာဆိုတာရှိမှာဖြစ်ပေမယ့်တစ်နေရာမှာအကောင်းဆုံးကစားနိုင်တဲ့သူနှစ်ဦးရရှိဖို့တော့ရည်မှန်းထားပါတယ်။” လို့ပြောသွားပါတယ်။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *