နံနက္ခင္းသတင္းတိုမ်ား

– အလန္ပါဂ်ဴးဟာ တိုနီပူးလစ္ထြက္ခြာသြားတဲ့ ၀က္စ္ဘရြန္းအသင္းရဲ႕ နည္းျပရာထူးကို ရယူဖို႔ စိတ္၀င္စားေနတယ္လို႔ အဂၤလန္ ေဒသတြင္းမီဒီယာေတြက ေရးသားေဖာ္ျပေနၾကပါတယ္။

– ပီပီကေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ အေရးပါဆံုးေသာသူတစ္ေယာက္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ျပီး၊ အခြင့္အေရးရွိပါက ဘက္ရွီးတက္အသင္းထံ လာေရာက္ကစားဖို႔ ဖိတ္ေခၚသြားခဲ့ပါတယ္။

– ဒီရာသီ ဥေရာပထိပ္သီးလိဂ္ ၅ ခုရဲ႕ ဂိုးတိုင္ထိ အၾကိမ္အေရအတြက္ အမ်ားဆံုးကစားသမားမ်ား

၆ ၾကိမ္ – မက္ဆီ
၅ ၾကိမ္ – ဟယ္ရီကိန္း
၄ ၾကိမ္ – အူဘာမီးယန္း
၄ ၾကိမ္ – ဇက္ကို
၃ ၾကိမ္ – ေရာ္နယ္ဒို

– ေျမာက္အိုင္ယာလန္အသင္းကေတာ့ သူတို႔ရဲ႕နည္းျပ မာတင္အိုေနးလ္ကို ၆ ႏွစ္စာခ်ဳပ္သစ္ ကမ္းလွမ္းလိုက္ပါတယ္။ စာခ်ဳပ္သစ္အရ အိုေနးလ္ဟာ သူတို႔ရဲ႕ ႏိုင္ငံ့လက္ေရြးစင္နည္းျပ သမိုင္းတစ္ေလွ်ာက္ လစာအမ်ားဆံုး နည္းျပ ျဖစ္လာဖြယ္ ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပသြားခဲ့ပါတယ္။

-ေအစီမီလန္အသင္းရဲ႕ ဆရာ၀န္ျဖစ္သူကေတာ့ ေတာင္ပံကစားသမား ဆူဆိုဟာ လာမယ့္ တနဂၤေႏြေန႔မွာ ကစားမယ့္ တိုရီနိုအသင္းနဲ႔ပြဲစဥ္မွာ ျပန္လည္ကစားေပးႏိုင္ဖြယ္ရွိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားျပီး၊ ေနာက္တန္းလူ ရိုမာဂႏိုလီဟာလဲ မၾကာခင္ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ေတာ့မယ္လို႔ ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။

– အီတလီနဲ႔ ေအစီမီလန္တိုက္စစ္ ကစားသမားေဟာင္း မက္ဆာရိုကေတာ့ အင္တာမီလန္တိုက္စစ္မႈးဟာ လာမယ့္ရာသီမွာေတာ့ ရီးရဲမက္အသင္းရဲ႕ တိုက္စစ္မွာ ဦးေဆာင္ေနလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာဆုိုသြားခဲ့ပါတယ္။

– PSG အသင္းဟာ ဖလူမီးနီးစ္အသင္းရဲ႕ အသက္ ၂၀ အရြယ္ ကြင္းလယ္လူငယ္ကစားသမားေလး ၀မ္ဒယ္ကို ေခၚယူဖို႔ ၾကိဳးစားေနတယ္လို႔ နည္းျပ အူႏိုင္းအမ္မရီကိုယ္တိုင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ သတင္းေတြအရ အဆိုပါ လူငယ္ေလးကို ယူရုိ ၁၀ သန္း ၀န္းက်င္နဲ႔ ေခၚယူသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

– စီးတီးဟာ ျပီးခဲ့တဲ့အေျပာင္းအေရႊ႕က ဖီနာဘာခ်ီအသင္းရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားေလး ဂတ္တီကန္ကို ယူရို ၅ သန္းနဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ တူရကီကလပ္ရဲ႕ ဥကၠဌကိုယ္တိုင္က ထုတ္ေဖာ္ေျပာဆိုသြားခဲ့ျပီး၊ သူကိုယ္တိုင္က အဲဒီကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

– ” ဂ်ီးဆပ္ဟာ မန္စီးတီးရဲ႕ အနာဂတ္မွာ အေရးပါတဲ့ေနရာကေန ကစားေပးမယ္ဆိုတာ လံုး၀ ယံုၾကည္ထားျပီးသားပါ။ ျပီးေတာ့ သူ႔ကစားပံုလဲ က်ေနာ္က သေဘာက်တယ္ေလ။ သူဟာ စီးတီးကို အေျပာင္းအလဲေတြ ျဖစ္ေစမယ့္ ကစားသမားဆို ေသခ်ာပါတယ္” #ေရာ္နယ္ဒင္ဟို

– ” ဆာလတ္က အရမ္းထူးခႊ်န္တဲ့ ကစားသမားပါ။ ေလ့က်င့္ေရးကြင္းမွာ သူ႔ကို က်ေနာ္မျမင္မိပါဘူး ဘာလို႔လဲဆိုေတာ့ သူက အရမ္းကို လွ်င္ျမန္တဲ့သူေလ” #ခလာဗန္

– ယူနိုက္တက္တိုက္စစ္မႈး လူူကာကူရဲ႕ ေႏြရာသီက က်င္းပခဲ့တဲ့ပြဲတစ္ခုဟာ ဆူညံလြန္းခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕က ေပါင္ ၃၄၀ ဒဏ္ေငြေပးေဆာင္ဖို႔ သတ္မွတ္သြားခဲ့ပါတယ္။

– မေန႔ညက ဆီဗီလာနဲ႔ သေရက်တဲ့ပြဲစဥ္မွာေတာ့ လီဗာပူးအသင္းဟာ ၂၀၁၄ ခုႏွစ္ ေမလေနာက္ပိုင္း ဦးေဆာင္ဂိုး ၃ ဂိုးသြင္းယူႏိုင္ခဲ့ေသာ္လဲ ေနာက္ပိုင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ ေခ်ပဂိုးေတြ ျပန္ေပးလိုက္ရပါတယ္။

– ဂ်ဴဗီမွာ ေျခစြမ္းျပ ကစားေနတဲ့ လူငယ္တိုက္စစ္မႈး ဒီဘားလားကေတာ့ သူ႔အေနနဲ႔ တူရင္မွာ အခ်ိန္ေတြအၾကာၾကီး ဆက္ရွိသြားမွာမဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ျပီး၊ ဒီရာသီဟာ သူ႔ရဲ႕ ဂ်ဴဗီကစားသမားဘ၀ ေနာက္ဆံုးရာသီ ျဖစ္ႏိုင္ေၾကာင္းလဲ ၀န္ခံသြားခဲ့ပါတယ္။

– ခ်ဲဆီးအသင္းရဲ႕ ဂိုးသမား ေကာ့တြိဳက္စ္ရဲ႕ လက္ရွိစာခ်ဳပ္ဟာ ၂ ႏွစ္သာ က်န္ရွိေတာ့တာျဖစ္ျပီး အခုခ်ိန္ထိ စာခ်ဳပ္သစ္ေဆြးေႏြးမႈေတြဟာလဲ တိုးတက္မႈ ရွိမလာေသးဘူးလို႔ ကာယကံရွင္ကိုယ္တိုင္က ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။ ယခင္ကေတာ့ ရီးရဲမက္ဒရစ္က သူ႔ရဲ႕ စာခ်ဳပ္သစ္အေနအထားကို ေစာင့္ၾကည့္ေနတာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပေနခဲ့ၾကပါတယ္။

– ဂ်ဴဗီကြင္းလယ္လူ ယာနစ္ကေတာ့ ဘာစီလိုနာအသင္းကို ေလးစားမႈအျပည့္ရွိေသာ္လဲ သူတို႔ကို အႏိုင္ယူျပီး ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ေအာင္ ၾကိဳးစားသြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

– ဆီဗီလာအသင္းရဲ႕ နည္းျပ ဘီရစ္ဇိုဟာ ကင္ဆာေရာဂါလကၡဏာေတြ ေတြ႔ရွိေနရတာေၾကာင့္ မၾကာခင္မွာပဲ ခြဲစိတ္ကုသမႈေတြ လုပ္ေဆာင္သြားဖို႔ စီစဥ္ေနတယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။

– လတ္တေလာသတင္းေတြမွာေတာ့ ကစားသမားေခၚယူမႈေတြ အၾကီးအက်ယ္ျပဳလုပ္ထားတဲ့ ေအစီမီလန္အသင္းဟာ ဘ႑ာေရးျပသနာေတြနဲ႔ အၾကီးအက်ယ္ရင္ဆိုင္ေနရတာေၾကာင့္ ကလပ္အသင္းပိုင္းရုင္ တရုတ္လူမ်ိဳးေတြဟာ အသင္းကို အလြန္ခ်ိဳသာတဲ့ ေစ်းႏႈန္းနဲ႔ ျပန္လည္ေရာင္းခ်သြားရမယ့္ အေနအထားျဖစ္ေနတယ္လို႔ အခိုင္အမာ ေဖာ္ျပေနၾကပါတယ္။

– ယူႏိုက္တက္နည္းျပေဟာင္းျဖစ္သူ လူး၀စ္ဗန္ဟားကေတာ့ သူ႔အေနနဲ႔ အဲဗာတန္နည္းျပသစ္ရာထူးကို ရယူသြားမွာမဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူ မြန္ရီရယ္ကေတာ့ ကစားေဖာ္ေတြျဖစ္တယ္ အိုေဇး နဲ႔ ဆန္းခ်က္တို႔ဟာ အသင္းမွာ ရာသီအကုန္ထိ ဆက္ရွိေနမယ္လို႔ အခိုင္အမာေျပာဆိုသြားခဲ့ပါတယ္။

– အာဆင္နယ္နည္းျပၾကီး အာဆင္းကေတာ့ လာမယ့္ရာသီအတြက္ အဓိက ေခၚယူမႈအျဖစ္ ေရွာ္ေကးအသင္းရဲ႕ အသက္ ၂၂ ႏွစ္အရြယ္ ကြင္းလယ္လူ ဂိုရက္ဇ္ကာကို ပစ္မွတ္ထားေနတယ္လို႔ ဒီမနက္သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။

– ပီအက္စ္ဂ်ီအသင္းရဲ႕ ကြင္းလယ္လူ ပက္စ္တိုရီကိုေခၚယူဖို႔ စိတ္၀င္စားေနတဲ့အသင္းေတြထဲမွာ အင္တာမီလန္အသင္းအျပင္ ဆီဗီလာ၊ လီဗာပူးအသင္းတို႔လဲ ပါ၀င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။

– အန္ဒါးလက္ခ်္အသင္းကို အငွွားခ်ထားတဲ့ အဲဗာတန္အသင္းရဲ႕ အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္မႈး အြန္ယီကူရုကို ယူႏိုက္တက္အသင္းက ကင္းေထာက္ေတြ ေစလႊတ္ျပီးး ေစာင့္ၾကည့္ခိုင္းလွ်က္ရွိေနပါတယ္။

– ဘာစီလိုနာအသင္းကေတာ့ ေကာ္တင္ဟိုရဲ႕ အရံပစ္မွတ္ အိုေဇးလ္ကို လာမယ့္ ဇန္န၀ါရီကာလမွာပဲ ေပါင္ ၁၇ သန္း ၀န္းက်င္နဲ႔ ေခၚယူႏိုင္ဖို႔ စတင္ၾကိဳးစားေနျပီျဖစ္ပါတယ္။

#SM

#Unicode

 

နံနက်ခင်းသတင်းတိုများ
============

– အလန်ပါဂျူးဟာ တိုနီပူးလစ်ထွက်ခွာသွားတဲ့ ၀က်စ်ဘရွန်းအသင်းရဲ့ နည်းပြရာထူးကို ရယူဖို့ စိတ်ဝင်စားနေတယ်လို့ အင်္ဂလန် ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။

– ပီပီကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ အရေးပါဆုံးသောသူတစ်ယောက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး၊ အခွင့်အရေးရှိပါက ဘက်ရှီးတက်အသင်းထံ လာရောက်ကစားဖို့ ဖိတ်ခေါ်သွားခဲ့ပါတယ်။

– ဒီရာသီ ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ ဂိုးတိုင်ထိ အကြိမ်အရေအတွက် အများဆုံးကစားသမားများ

၆ ကြိမ် – မက်ဆီ
၅ ကြိမ် – ဟယ်ရီကိန်း
၄ ကြိမ် – အူဘာမီးယန်း
၄ ကြိမ် – ဇက်ကို
၃ ကြိမ် – ရော်နယ်ဒို

– မြောက်အိုင်ယာလန်အသင်းကတော့ သူတို့ရဲ့နည်းပြ မာတင်အိုနေးလ်ကို ၆ နှစ်စာချုပ်သစ် ကမ်းလှမ်းလိုက်ပါတယ်။ စာချုပ်သစ်အရ အိုနေးလ်ဟာ သူတို့ရဲ့ နိုင်ငံ့လက်ရွေးစင်နည်းပြ သမိုင်းတစ်လျှောက် လစာအများဆုံး နည်းပြ ဖြစ်လာဖွယ် ရှိတယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။

-အေစီမီလန်အသင်းရဲ့ ဆရာဝန်ဖြစ်သူကတော့ တောင်ပံကစားသမား ဆူဆိုဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် တိုရီနိုအသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ကစားပေးနိုင်ဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုသွားပြီး၊ နောက်တန်းလူ ရိုမာဂနိုလီဟာလဲ မကြာခင် လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မယ်လို့ ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

– အီတလီနဲ့ အေစီမီလန်တိုက်စစ် ကစားသမားဟောင်း မက်ဆာရိုကတော့ အင်တာမီလန်တိုက်စစ်မှုးဟာ လာမယ့်ရာသီမှာတော့ ရီးရဲမက်အသင်းရဲ့ တိုက်စစ်မှာ ဦးဆောင်နေလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုုသွားခဲ့ပါတယ်။

– PSG အသင်းဟာ ဖလူမီးနီးစ်အသင်းရဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူငယ်ကစားသမားလေး ၀မ်ဒယ်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ နည်းပြ အူနိုင်းအမ်မရီကိုယ်တိုင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သတင်းတွေအရ အဆိုပါ လူငယ်လေးကို ယူရို ၁၀ သန်း ၀န်းကျင်နဲ့ ခေါ်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

– စီးတီးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့က ဖီနာဘာချီအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဂတ်တီကန်ကို ယူရို ၅ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ တူရကီကလပ်ရဲ့ ဥက္ကဌကိုယ်တိုင်က ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး၊ သူကိုယ်တိုင်က အဲဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

– ” ဂျီးဆပ်ဟာ မန်စီးတီးရဲ့ အနာဂတ်မှာ အရေးပါတဲ့နေရာကနေ ကစားပေးမယ်ဆိုတာ လုံးဝ ယုံကြည်ထားပြီးသားပါ။ ပြီးတော့ သူ့ကစားပုံလဲ ကျနော်က သဘောကျတယ်လေ။ သူဟာ စီးတီးကို အပြောင်းအလဲတွေ ဖြစ်စေမယ့် ကစားသမားဆို သေချာပါတယ်” #ရော်နယ်ဒင်ဟို

– ” ဆာလတ်က အရမ်းထူးချွှန်တဲ့ ကစားသမားပါ။ လေ့ကျင့်ရေးကွင်းမှာ သူ့ကို ကျနော်မမြင်မိပါဘူး ဘာလို့လဲဆိုတော့ သူက အရမ်းကို လျှင်မြန်တဲ့သူလေ” #ခလာဗန်

– ယူနိုက်တက်တိုက်စစ်မှုး လူူကာကူရဲ့ နွေရာသီက ကျင်းပခဲ့တဲ့ပွဲတစ်ခုဟာ ဆူညံလွန်းခဲ့တာကြောင့် ရဲတပ်ဖွဲ့က ပေါင် ၃၄၀ ဒဏ်ငွေပေးဆောင်ဖို့ သတ်မှတ်သွားခဲ့ပါတယ်။

– မနေ့ညက ဆီဗီလာနဲ့ သရေကျတဲ့ပွဲစဉ်မှာတော့ လီဗာပူးအသင်းဟာ ၂၀၁၄ ခုနှစ် မေလနောက်ပိုင်း ဦးဆောင်ဂိုး ၃ ဂိုးသွင်းယူနိုင်ခဲ့သော်လဲ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချေပဂိုးတွေ ပြန်ပေးလိုက်ရပါတယ်။

– ဂျူဗီမှာ ခြေစွမ်းပြ ကစားနေတဲ့ လူငယ်တိုက်စစ်မှုး ဒီဘားလားကတော့ သူ့အနေနဲ့ တူရင်မှာ အချိန်တွေအကြာကြီး ဆက်ရှိသွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး၊ ဒီရာသီဟာ သူ့ရဲ့ ဂျူဗီကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်နိုင်ကြောင်းလဲ ၀န်ခံသွားခဲ့ပါတယ်။

– ချဲဆီးအသင်းရဲ့ ဂိုးသမား ကော့တွိုက်စ်ရဲ့ လက်ရှိစာချုပ်ဟာ ၂ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အခုချိန်ထိ စာချုပ်သစ်ဆွေးနွေးမှုတွေဟာလဲ တိုးတက်မှု ရှိမလာသေးဘူးလို့ ကာယကံရှင်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ယခင်ကတော့ ရီးရဲမက်ဒရစ်က သူ့ရဲ့ စာချုပ်သစ်အနေအထားကို စောင့်ကြည့်နေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေခဲ့ကြပါတယ်။

– ဂျူဗီကွင်းလယ်လူ ယာနစ်ကတော့ ဘာစီလိုနာအသင်းကို လေးစားမှုအပြည့်ရှိသော်လဲ သူတို့ကို အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်အောင် ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

– ဆီဗီလာအသင်းရဲ့ နည်းပြ ဘီရစ်ဇိုဟာ ကင်ဆာရောဂါလက္ခဏာတွေ တွေ့ရှိနေရတာကြောင့် မကြာခင်မှာပဲ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ စပိန်သတင်းတွေက ဖော်ပြလိုက်ပါတယ်။

– လတ်တလောသတင်းတွေမှာတော့ ကစားသမားခေါ်ယူမှုတွေ အကြီးအကျယ်ပြုလုပ်ထားတဲ့ အေစီမီလန်အသင်းဟာ ဘဏ္ဍာရေးပြသနာတွေနဲ့ အကြီးအကျယ်ရင်ဆိုင်နေရတာကြောင့် ကလပ်အသင်းပိုင်းရုင် တရုတ်လူမျိုးတွေဟာ အသင်းကို အလွန်ချိုသာတဲ့ စျေးနှုန်းနဲ့ ပြန်လည်ရောင်းချသွားရမယ့် အနေအထားဖြစ်နေတယ်လို့ အခိုင်အမာ ဖော်ပြနေကြပါတယ်။

– ယူနိုက်တက်နည်းပြဟောင်းဖြစ်သူ လူးဝစ်ဗန်ဟားကတော့ သူ့အနေနဲ့ အဲဗာတန်နည်းပြသစ်ရာထူးကို ရယူသွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

– အာဆင်နယ်အသင်းရဲ့ နောက်ခံလူ မွန်ရီရယ်ကတော့ ကစားဖော်တွေဖြစ်တယ် အိုဇေး နဲ့ ဆန်းချက်တို့ဟာ အသင်းမှာ ရာသီအကုန်ထိ ဆက်ရှိနေမယ်လို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။

– အာဆင်နယ်နည်းပြကြီး အာဆင်းကတော့ လာမယ့်ရာသီအတွက် အဓိက ခေါ်ယူမှုအဖြစ် ရှော်ကေးအသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ ဂိုရက်ဇ်ကာကို ပစ်မှတ်ထားနေတယ်လို့ ဒီမနက်သတင်းတွေက ဖော်ပြလိုက်ပါတယ်။

– ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ ပက်စ်တိုရီကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ အင်တာမီလန်အသင်းအပြင် ဆီဗီလာ၊ လီဗာပူးအသင်းတို့လဲ ပါ၀င်နေတယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။

– အန်ဒါးလက်ချ်အသင်းကို အငှှားချထားတဲ့ အဲဗာတန်အသင်းရဲ့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှုး အွန်ယီကူရုကို ယူနိုက်တက်အသင်းက ကင်းထောက်တွေ စေလွှတ်ပြီးး စောင့်ကြည့်ခိုင်းလျှက်ရှိနေပါတယ်။

– ဘာစီလိုနာအသင်းကတော့ ကော်တင်ဟိုရဲ့ အရံပစ်မှတ် အိုဇေးလ်ကို လာမယ့် ဇန်နဝါရီကာလမှာပဲ ပေါင် ၁၇ သန်း ၀န်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ စတင်ကြိုးစားနေပြီဖြစ်ပါတယ်။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *