ဖူဆယ်လက်ရွေးစင်အသင်း ဂုဏ်ပြုဆုငွေများချီးမြှင့်

၂ဝ၁၇ အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲ၌ တတိယနှင့် အသန့်ရှင်းဆုံးဆုတို့အပြင် အာရှ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပထမဆုံး အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာ့ လက်ရွေး စင်ဖူဆယ်အသင်းကို ဂုဏ်ပြုဆုကြေး ငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဂုဏ်ပြုငွေချီးမြှင့်

ပြီးခဲ့သည့်MFF-MNL Awards Night 2017 ၂ဝ၁၇ ဆုပေးပွဲအခမ်းအနားတွင် မြန်မာ့ လက်ရွေးစင်ဖူဆယ်အသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဂုဏ်ပြဆုတံဆိပ်သာ ပေးအပ်ခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေ မပေးခဲ့သဖြင့် ဝေဖန်သံများထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုချီးမြှင့်သည့် သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်ရာသီ၌ အောင်မြင်မှု များရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းကို ဂုဏ်ပြုဆုငွေများအဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နာယက ဦးအောင်ကိုဝင်းက ကျပ် သိန်း ၁ဝဝ၊ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်က ကျပ်သိန်း ၁ဝဝ၊ မြန်မာ့လက် ရွေးစင်ဖူဆယ်အသင်း ပရိသတ်နှစ်ဦးဖြစ်သည့် ဦးမျိုးသူရနှင့် ဦးထွန်းထွန်းလင်းတို့က ကျပ် သိန်း ၅ဝ စီတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကလည်း အမေရိကန်ဒေါ်လာ ၅ဝဝဝ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြင်ဆင်လျက်ရှိ

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ပြီးခဲ့သည့်အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ယူကာ တတိယ နေရာရရှိခဲ့သည်။ မြန်မာဖူဆယ်အသင်းသည် ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ သည့် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံသို့လေ့ကျင့်ခြေစမ်းခရီးထွက်မည်ဖြစ်ပြီး ခြေစမ်းပွဲ ငါးပွဲကစားရန်စီစဉ်လျက်ရှိသည်။

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *