ဒရက္ဇ္လာကိုေရာင္းခ်ျပီး ဆန္းခ်က္ကို ျပန္လည္အစားထိုးဖို႔ ၾကိဳးစားလာတဲ့ PSG

ဒရက္ဇ္လာကိုေရာင္းခ်ျပီး ဆန္းခ်က္ကို ျပန္လည္အစားထိုးဖို႔ ၾကိဳးစားလာတဲ့ PSG

ဒရက္ဇ္လာကိုေခၚယူဖို႔ လီဗာပူးနဲ႔ အာဆင္နယ္တို႔ အျပိဳင္ၾကိဳးစားလ်ွက္ရွိ

အာဆင္နယ္အသင္းရဲ႕ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္မႈး ဆန္းခ်က္ရဲ႕ လက္ရွိစာခ်ဳပ္ဟာ ဒီရာသီအကုန္မွာ ကုန္ဆံုးေတာ့မွာျဖစ္ေသာ္လဲ စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔အတြက္ ျဖစ္ႏုိင္ေခ်အလြန္နည္းပါးေနျပီျဖစ္ပါတယ္။ စည္းမ်ဥ္းစည္းကမ္းေတြအရ ရာသီအကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ကစားသမား တစ္ဦးဟာ ဇန္၀ါရီအေျပာင္းအေရႊ႕မွာေတာ့ အဂၤလန္ျပင္ပ ကလပ္အသင္းတစ္သင္းနဲ႔ အၾကိဳသေဘာတူညီမႈ စာခ်ဳပ္ ခ်ဳပ္ဆိုခြင့္ ရွိေနျပီး၊ PSG အသင္းက သူ႔ကိုေခၚယူဖို႔ ေရပန္းအစားဆံုးျဖစ္လာေနပါတယ္။

ပီအက္စ္ဂ်ီအသင္းက ျပီးခဲ့တဲ့အေျပာင္းအေရႊ႕မွ ေရာက္ရွိလာခဲ့တဲ့ ကစားသမား ေနမာဟာ အသင္းမွာ ဆက္ရွိဖို႔ မေသခ်ာပဲ ျဖစ္ေနတဲ့အေနအထားေတြကို ၾကိဳတင္ျပင္ဆင္ထားႏိုင္ဖို႔အတြက္ ဆန္းခ်က္ကို ေခၚယူဖို႔ ျမွားဦးလွည့္လာခဲ့တာျဖစ္တယ္လို႔ သတင္းေတြက သံုးသပ္ထားပါတယ္။ စပိန္သတင္းအခ်ိဳ႕မွာေတာ့ ေနမာကိုေခၚယူဖို႔ ရီးရဲမက္ဒရစ္အသင္းက စိတ္၀င္စားေနတယ္လို႔ေဖာ္ျပထားျပီး၊ သူ႔ရဲ႕ ဖခင္ျဖစ္သူနဲ႔ ရီးရဲဥကၠဌတို႔ေတာင္ ေတြ႔ဆံုထားခဲ့ျပီးျပီျဖစ္တယ္လို႔ ဆိုပါတယ္။ အကယ္၍ ဆန္းခ်က္ကို ေခၚယူဖို႔ တရား၀င္ဆံုးျဖတ္ခဲ့ပါက ပီအက္စ္ဂ်ီအသင္းဟာ တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ ၀န္းက်င္နဲ႔ ကမ္းလွမ္းဖြယ္ ရွိေနပါတယ္။ တစ္ဖက္မွာေတာ့ ဘိုင္ယန္၊ မန္စီးတီး တို႔တို႔ကလဲ ခ်ီလီတိုက္စစ္မႈးကို ေခၚယူဖို႔ စိတ္၀င္စားေနတာပါ။

ဆက္စပ္သတင္းေတြအရ ပီအက္စ္ဂ်ီဟာ ဆန္းခ်က္ကို ေခၚယူဖို႔အတြက္ အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္မရပဲျဖစ္ေနတဲ့ ကြင္းလယ္လူ ဒရက္ဇ္လာကိုလဲ ဇန္န၀ါရီကာလမွာပဲ ေရာင္းထုတ္သြားဖို႔ စီစဥ္ေနျပီး၊ ဥေရာပ ေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ ဘ႑ာေရး စည္းမ်ဥ္းေတြကို ထိန္းညွိဖို႔အတြက္ စတင္ျပင္ဆင္လာခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ အဆိုပါ ဂ်ာမန္ကြင္းလယ္လူကိုေခၚယူဖို႔အတြက္ လီဗာပူး နဲ႔ အာဆင္နယ္အသင္းတို႔က အျပိဳင္ၾကိဳးစားေနတယ္လို႔ သိရပါတယ္။

 

ဒရက်ဇ်လာကိုရောင်းချပြီး ဆန်းချက်ကို ပြန်လည်အစားထိုးဖို့ ကြိုးစားလာတဲ့ PSG

ဒရက်ဇ်လာကိုခေါ်ယူဖို့ လီဗာပူးနဲ့ အာဆင်နယ်တို့ အပြိုင်ကြိုးစားလျှက်ရှိ

==========================================

 

အာဆင်နယ်အသင်းရဲ့ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှုး ဆန်းချက်ရဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်သော်လဲ စာချုပ်သစ် သက်တမ်းတိုးဖို့အတွက် ဖြစ်နိုင်ချေအလွန်နည်းပါးနေပြီဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေအရ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမား တစ်ဦးဟာ ဇန်ဝါရီအပြောင်းအရွှေ့မှာတော့ အင်္ဂလန်ပြင်ပ ကလပ်အသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှု စာချုပ် ချုပ်ဆိုခွင့် ရှိနေပြီး၊ PSG အသင်းက သူ့ကိုခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်လာနေပါတယ်။

ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့အပြောင်းအရွှေ့မှ ရောက်ရှိလာခဲ့တဲ့ ကစားသမား နေမာဟာ အသင်းမှာ ဆက်ရှိဖို့ မသေချာပဲ ဖြစ်နေတဲ့အနေအထားတွေကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် ဆန်းချက်ကို ခေါ်ယူဖို့ မြှားဦးလှည့်လာခဲ့တာဖြစ်တယ်လို့ သတင်းတွေက သုံးသပ်ထားပါတယ်။ စပိန်သတင်းအချို့မှာတော့ နေမာကိုခေါ်ယူဖို့ ရီးရဲမက်ဒရစ်အသင်းက စိတ်ဝင်စားနေတယ်လို့ဖော်ပြထားပြီး၊ သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ ရီးရဲဥက္ကဌတို့တောင် တွေ့ဆုံထားခဲ့ပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်၍ ဆန်းချက်ကို ခေါ်ယူဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါက ပီအက်စ်ဂျီအသင်းဟာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ၀န်းကျင်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ တစ်ဖက်မှာတော့ ဘိုင်ယန်၊ မန်စီးတီး တို့တို့ကလဲ ချီလီတိုက်စစ်မှုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ဆက်စပ်သတင်းတွေအရ ပီအက်စ်ဂျီဟာ ဆန်းချက်ကို ခေါ်ယူဖို့အတွက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရပဲဖြစ်နေတဲ့ ကွင်းလယ်လူ ဒရက်ဇ်လာကိုလဲ ဇန်နဝါရီကာလမှာပဲ ရောင်းထုတ်သွားဖို့ စီစဉ်နေပြီး၊ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ထိန်းညှိဖို့အတွက် စတင်ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဂျာမန်ကွင်းလယ်လူကိုခေါ်ယူဖို့အတွက် လီဗာပူး နဲ့ အာဆင်နယ်အသင်းတို့က အပြိုင်ကြိုးစားနေတယ်လို့ သိရပါတယ်။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *